Chapter-7

272 67 9
                                        


Unicode

ပျော်ရွှင်ရခြင်းအရသာကိုအနှစ်သက်ဆုံးသူနဲ့အတူခံစားရတာကပိုပျော်ရွှင်ဖို့ကောင်းတယ်တဲ့..။

ဘယ်စာရေးဆရာ၊ ဘယ်နာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကရေးတာမှန်းမမှတ်မိပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ပိုင်စကားလို့ပဲမှတ်ယူလိုက်လို့ရတယ်မလား။

အထူးသဖြင့် လက်တွေ့ကျကျသက်သေပြလို့ရတဲ့ တစ်စုံတစ်ယောက်ဘေးမှာရှိနေတဲ့ ကျွန်တော်ပေါ့။

ကျွန်တော်လာနေတဲ့အတွက် ရိပေါ်က အခန်းကိုပြန်လည်နေရာချနေလေရဲ့ ။ ခပ်မှိန်မှိန်ဆေးတွေနေရာမှာအရောင်လွင်လွင်လေးတွေကိုသုတ်ဖို့ ရိပေါ်ကပြင်ဆင်နေတယ်။

သေချာတာပေါ့ မတူညီတဲ့ အကြိုက်တွေရှိတဲ့ လူနှစ်ယောက်ဟာ သဘောထားစကွဲတော့တာပါပဲ။

ကျွန်တော်ကကောင်းကင်ပြာဖျော့ဖျော့အရောင်လေးခြယ်ချင်ပေမဲ့ ရိပေါ်က သူကြိုက်တဲ့အစိမ်းရောင်တွေခြယ်ချင်နေခဲ့တယ်။

တစ်သက်လုံးအတူနေဖြစ်သွားမလား မသေချာခဲ့သေးတဲ့ စိတ်အခြေအနေကြောင့် ကျွန်တော်ကပဲ အလျော့ပေးလိုက်ဖို့ ဆက်ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ရိပေါ်က ဆေးရောင်စုံဘူးတွေကောက်ထည့်လာတော့ ကျွန်တော့မှာတအံ့တဩ။

ဘာလို့လဲ ဘာကြောင့်လဲ မေးခွန်းတွေထပ်မေးဖို့ မလိုလောက်အောင် ရိပေါ်က လက်တစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာခဲ့တာနဲ့တင် လုံလောက်တယ်မလား။

ရိပေါ်အခန်းဟာရိုးရိုးရှင်းရှင်းပါပဲ။

ခပ်မှိန်မှိန်အရောင်တွေရှိပေမဲ့လည်း၊ အနည်းငယ်ဖရိုဖရဲဖြစ်နေပေမဲ့လည်း နှစ်ယောက်နေဖို့ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။

စစဝင်ခြင်းမှာနှစ်လုံးတွဲဆိုဖာခုံတစ်ခုံရယ် စားပွဲခုံတစ်လုံးရယ်ကိုတွေ့ရတယ်။ ညဘက်တွေ ကျွန်တော်တို့ ထိုင်ပြီး ညစာစားလို့ရမယ်၊ ရိပေါ်ကျောင်းစာတွေလုပ်လို့ရမယ်။

ဝင်ဝင်ခြင်းတံခါးရဲ့ ညာဘက်ကပ်ရပ်မှာမီးဖိုချောင်အသေးလေးရှိတယ်။ ဟင်းချက်တော်တဲ့ ကျွန်တော်ပင်တိုင်နေရာယူရမဲ့နေရာလေးပေါ့။

Beyond My SonataWhere stories live. Discover now