Chapter-4

324 69 11
                                    

Unicode

သုံးကြိမ်မြောက်အမှတ်မထင်တွေ့ဆုံပြီး လေးကြိမ်မြောက် ငါးကြိမ်မြောက်တွေ နောက်ပိုင်းမှာ ရိပေါ်ဟာ ရည်ရွယ်ချက်ရှိရှိ ဆက်လိုက်နေခဲ့တယ်ဆိုတာ နည်းနည်းလေး ပိုတုံးအတဲ့ ကျွန်တော်က မရိပ်မိခဲ့ဘူး ။

ဒါကို ရိုးသားတာပါ လို့ ကျွန်တော် ဆင်ခြေပေးရင် အရင်လိုပဲ ရိပေါ် ရီနေလောက်ကောင်းရဲ့ ။

မှတ်မိရသလောက် ကော်ဖီဆိုင်မှာ... စာအုပ်ဆိုင်မှာ... ကျွန်တော် rehearsal လေ့ကျင့်တဲ့ စတူဒီယို‌အောက်မှာ...

တော်တော်များများ ကျွန်တော်ပုံမှန်သွားလေ့ ရှိတဲ့နေရာတွေကြီးပဲဆိုတာ ကျွန်တော်သတိမထားခဲ့မိဘူး။

ဥပမာ ဘာတူရိယာမှ မတီးတတ်တဲ့ ရိပေါ်တစ်ယောက် တူရိယာဆိုင်ထဲကို ရောက်နေတယ် ဆိုတာမျိုးပေါ့။

သိပ်ကိုမှလည်တဲ့ကောင်လေးတစ်ယောက်ပါပဲ။

(ရိပေါ်က ကျွန်တော့နောက်ကို မသိအောင် stalk လိုက်ခဲ့တယ်လို့ နောက်ပိုင်း ဝန်ခံခဲ့တယ်။)

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ လုပ်ယူထားတဲ့အမှတ်မထင်တွေ့ဆုံမှုတွေ အပြီး ကျွန်တော်သတိထားမိတဲ့အချိန်ရောက်တော့ ကျွန်တော်တို့တွေဟာ အတွဲတွေဖြစ်ခဲ့ကြပြီးပြီ ။

အလုပ်ကို အသွား ကြပ်ညှပ်နေတဲ့ ရထားတွဲပေါ်မှာ ပူးကပ်စွာရပ်နေရင်း တစ်ယောက်နဲ့တစ်ယောက် လက်သန်းချင်းချိတ်လို့ လက်ချင်းခိုးတွဲကြတယ်။

လက်သူကြွယ်ချင်း တွေဆုပ်ကိုင်မိတဲ့အခါ တိတ်တိတ်လေးရင်ခုန်ရတယ် ။

လက်ခလယ်ချင်းတွေဆုပ်ကိုင်မိတဲ့အခါ တစ်ရစ်ရစ်နဲ့ ရင်ခုန်သံမြန်လာရတယ်။

လက်ညှိုးချင်းသွယ်မိတဲ့အခါ မြင်ကွင်းတွေအကုန် ဗလာဖြစ်ကုန်တယ်။

လက်မချင်းထိစပ်မိတဲ့အခါ ခေါင်းထဲမှာ ကြယ်တွေ တဖြက်ဖြက်မြင်နေရသလို။

လက်ဖ၀ါး တွေချင်း ယှက်မိတဲ့အခါတော့ ရင်ထဲကို အလုံးအရင်းနဲ့ဝင်လာတာက ‌နွေးထွေးတယ်ဆိုတဲ့ ခံစားချက်။

တစ်ဆင့်တစ်ဆင့်ချင်းဆီဟာ တစ်ကမ္ဘာလောက်ကြာနေသလို၊ slow motion ရိုက်ပြထားတဲ့ မင်းသားမင်းသမီး ဇာတ်ပေါင်းခန်းလိုလို။

Beyond My SonataWhere stories live. Discover now