Chapter-5

295 70 21
                                    

Unicode



ချစ်လားလို့မေးလာခဲ့ရင် ဒီအမေးအတွက် ကျွန်တော့မှာတစ်ကယ်ကိုအဖြေမရှိခဲ့ဘူး။ စစချင်းမလို့ခံစားချက်တွေ ရှုပ်ထွေးနေတာလဲ ဖြစ်ကောင်းဖြစ်မယ်။

သူမေးလာခဲ့ရင်ဘယ်လိုဖြေရမလဲလို့ ကျွန်တော် တစ်နေကုန်စဥ်းစားနေခဲ့တာ ရိပေါ်ကတော့ မသိခဲ့ပါဘူး။ (သိခဲ့ရင်.....ဒီထက်ပိုပြီး.... )
ထားပါတော့ သေချာတာကတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော် ရိပေါ်ရဲ့ဘေးနားမှာရှိတာကို ပျော်သလို ကျွန်တော့နားမှာလဲ ရိပေါ်ကိုရှိနေစေချင်ခဲ့တယ်။

ဒါပေမဲ့ကံကောင်းစွာနဲ့ပဲ အဲ့ဒီနေ့ညနေပိုင်း ရိပေါ်ဖုန်းဆက်တော့ မေးမလာခဲ့ပါဘူး။

" ဟလို.. " ဆိုတဲ့ ဩရှရှအသံနောက်မှာ စက္ကန့်ပိုင်းအနည်းငယ်စာမျှ သူတိုးတိတ်စွန့်အ နေခဲ့တယ်...
အသက်ရှူသံပြင်းပြင်းတွေလို့ ယူဆရတဲ့ လေတိုးသံတွေကို နှစ်‌ယောက်လုံးဘက်ကနေ ကြားနေခဲ့ရတယ်။

" အင်း.. ရိပေါ်..." ဆိုပြီး ကျွန်တော်ြပန်ထူးသံအဆုံး မို့တက်စွာ ပြုုံးနေမဲ့ ရိပေါ်မျက်နှာကို မြင်ယောင်မိလိုက်တယ်။

မှတ်မှတ်ရရ ရိပေါ်ဖုန်းဆက်တဲ့အချိန်က ညနေ၆နာရီစွန်းစွန်း... ။

ညီအစ်ကိုမသိတစ်သိအချိန်ပေါ့လို့ ကျွန်တော်က ဟာသဖောက်တော့ သူက ကျွန်တော်တို့ကရော ဘာတွေလဲ တဲ့။ သိပ်ကိုမှ အတည်ပေါက်နဲ့ ချောင်ပိတ်မေးတတ်တဲ့ ရိပေါ်။

ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲလို့ ကျွန်တော်စကားလမ်းကြောင်းလွှဲတော့ ခင်ဗျားလို ငတုံးမှမဟုတ်တာ ဆိုပြီး ခပ်သောသောရယ်နေလေရဲ့...တစ်ဟားဟား နဲ့ အတွင်းတက်နေတဲ့ရီသံကြီးနဲ့ ။

မမြင်နိုင်မှန်းသိပေမဲ့ မျက်စောင်းလှမ်းထိုးလိုက်တယ်။ ပြီးမှ ကိုယ့်ကိုကိုယ်ပြန်တွေးပြီး ရှက်နေမိသေးတယ်။

ယောင်္ကျားလေးရည်းစားတစ်ယောက်ထားတာ ဘယ်လိုမျိူးဖြစ်မလဲလို့ ရိပေါ် ကျွန်တော့်ကို flirt နေတယ်ဆိုတာ စတင်ရိပ်မိနေခဲ့ကတည်းက အခေါက်အခေါက်အခါခါတွေးခဲ့မိဖူးတာ ဝန်ခံပါတယ်။

Beyond My SonataWhere stories live. Discover now