Chapter-14

268 61 7
                                    


Unicode

မနေ့ကမိုးလေဝသသတင်းထဲက မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်သတင်းထဲမှာရော ဒီကနေ့မနက်ပိုင်းဖုန်းထဲကနေ အမှတ်တမဲ့ကြည့်လိုက်မိတဲ့ weather ထဲမှာရော နှင်းကျနိုင်တဲ့ရာခိုင်နှုန်းက ၈၀ ရှိပါတယ်တဲ့။ လူတော်တော်များများက ပထမဆုံးနှင်းကျတဲ့အချိန်ကို ချစ်သူနဲ့အတူတူ စောင့်ကြည့်လေ့ရှိကြတယ်မလား။ ဒါကြောင့်မလို့ တစ်ဖြည်းဖြည်းမိုးချုပ်လာတာနဲ့အမျှ လမ်းမပေါ်မှာ စုံတွဲတွေကို ဖြတ်သွားဖြတ်လာ တွေ့နေရခဲ့တယ်။ first snow ကိုစောင့်နေကြတဲ့ ချစ်သူစုံတွဲတွေေပေါ့။

"ကျွန်တော် ဝမ်ရိပေါ်က ခင်ဗျားကို သိပ်ချစ်တာလို့ !!!!! "

ရိပေါ်ရဲ့အော်ပြောလိုက်တဲ့စကားသံအဆုံးမှာ တစ်ချို့တစ်လေကတော့ ထူးဆန်းစွာ လှည့်ကြည့်သွားကြလေရဲ့။

" ဟိုမှာ ...."

" နှင်းတွေ ကျလာပြီ..."

ချစ်ပါတယ်လို့ဝန်ခံတဲ့စကားကို ကြားရတဲ့အချိန်မှာပါပဲ ကျလာခဲ့တဲ့ နှင်းစက်နှင်းပျောက်တွေ..။ ဝဲတက်လာခဲ့တဲ့မျက်ရည်တွေ..။

နှင်းကျလာလို့ ဝမ်းသာတာပဲလား ချစ်တယ်စကားကြားလိုက်ရလို့ အံ့ဩသွားရတာလား မသိပေမယ့် အဲ့ချိန်တုန်းက ကြည်နူးခြင်းပီတိတွေ တစ်ကိုယ်လုံးကို လွှမ်းခြုံနေခဲ့တာကိုပဲ သတိထားမိခဲ့တယ်။ မရှင်းပြခင်ကတင် ခွင့်လွှတ်လိုက်ခဲ့တဲ့ အခိုက်အတန့်ပေါ့။ တစ်သက်မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုလို့ ကျွန်တော်အကျယ်တဝင့်ပြောနိုင်ပါသေးတယ်။

" ကော... "

လက်နှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ပြီး နူးနူးညံ့ညံ့လေး ဆိုလာတဲ့ ရိပေါ်စကားသံတွေက အငိုမတိတ်တဲ့ ကလေးလေးတစ်ယောက်ကို ချော့မော့နေသလိုမျိုး။

" ကျွန်တော်ကောကို အရမ်းတန်ဖိုးထားတာမလို့ မဟုတ်တဲ့စကားတွေပြောပြီး ကိုယ့်ကိုကိုယ်တန်ဖိုးမချပါနဲ့လား။ "

" ကောထင်နေတာတွေက တစ်ခုမှမဟုတ်ဘူး ကျွန်တော်ဟာ ကောအပေါ်မှာသွေးသားအရ အမြတ်ထုတ်လိုက်လို့ ကျွန်တော့်မှာ အရှုံးမရှိဘူးထင်ရင် ကျွန်တော့်ကို ကောပြန်ယူသွားလို့ရပါတယ် "

Beyond My SonataWhere stories live. Discover now