Warning : Rating 18 plus. This part may include mature scene .
Unicode
လက်စားချေတယ်ဆိုတာ တကယ်တော့ ကျွန်တော်နဲ့ မသက်ဆိုင်တဲ့စကားလုံးတစ်ခုပါ ။ ကျွန်တော်ဟာ လူတစ်ယောက်ကို ချစ်ခဲမုန်းခဲတယ်။ မုန်းလာပြီဆိုရင်လဲ့ အဲ့ဒီလူနဲ့ပတ်သတ်သမျှအရာအားလုံးကို ဥပေက္ခာပြုလိုက်တာပါပဲ။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်လက်စားချေချင်စိတ် တစ်ဖွားဖွားပေါ်ပေါက်နေခဲ့တယ်။
ရိပေါ်လည်တိုင်မှာ မျက်နှာအပ်ရင်း ကြည်နူးနေရတဲ့ အချိန်ခဏတာမှာပဲ အတွေးညစ်ကျယ်ကျယ်တစ်ခုက ခေါင်းထဲဝင်လာတယ်။ ခါးနားကို ခပ်တင်းတင်းဖက်လို့ ကျောပြင်ကို ပွတ်သပ်နေတဲ့ ရိပေါ်လက်တွေထဲကနေ ရုန်းထွက်ကာ ထထိုင်လိုက်တယ်။
ဆံပင်ဖရိုဖရဲနဲ့ လှဲအိပ်နေရာကနေ မျက်လုံးစင်းပြီး မော့ကြည့်လာတဲ့ ရိပေါ်မျက်နှာရယ် ခါးနားတစ်ဝိုက်ကို မလွှတ်ပေ;ပဲ ဖွဖွလေးကိုင်ထားတဲ့ ရိပေါ်လက်ချောင်းတွေရယ်က သိပ်ကို လိင်ဆွဲဆောင်အားကောင်းတယ်ဆိုတာ ကျွန်တော်တိတ်တိတ်လေးဝန်ခံရမယ်။ ခါးကို တရကြမ်း လှုပ်ခါ ပစ်လိုက်ချင်တဲ့ အထိပေါ့ ။
" ငါ့တစ်ကိုယ်လုံးကျတော့ ဆေးတွေကပေပွနေတာပဲ မင်းကျတော့ အင်္ကျီတောင် မချွတ်ရသေးဘူး " ဆိုပြီး စူပုတ်စွာနဲ့ ကိုယ့်ထက်အငယ်ကို ဂျစ်တိုက်မိနေမှန်း သတိထားမိချိန်မှာတော့ ရိပေါ်က အင်္ကျီကိုဆွဲချွတ်လို့ ကောကြိုက်သလိုလုပ် ဆိုပြီး ကျွန်တော့ဆန္ဒကို ရက်ရောစွာ ခွင့်ပြုပေးလိုက်ပြီ။
ဆေးဘူးတွေကို ရိပေါ်ဘေးမှာနေရာရွှေ့ရင်း အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ကို ရိပေါ်က လက်နှစ်ဖက်ကို ယှက်သွယ်ခေါင်းအုံးလို့ ပြုံးပြုံးကြီးလိုက်ကြည့်နေခဲ့တယ်။
" မင်းက အစိမ်းရောင်ကြိုက်တယ်မလား သစ်ပင်ပုံလေး ငါဆွဲပေးမယ် " ဆေးဘူးထဲကိုအကျအန နှစ်ထားတဲ့ လက်နှစ်ဖက်ကို ထောင်ပြပြီး ညစ်ကျယ်ကျယ်ပြောလာတဲ့ ကျွန်တော့်စကားမဆုံးခင်ရိပေါ်က လက်ကိုဆောင့်ဆွဲလိုက်ပြီး နှုတ်ခမ်းတွေကို ကိုက်ဆွဲကာ နမ်းရှုံ့ လာတယ်။ ဆေးတွေ ပေတစ်လူးနဲ့ ခေါင်းစုပ်ဖွားနဲ့ မျက်ခုံးပင့်ပြောနေတဲ့ ကျွန်တော်က သိပ်ကိုမှ အနိုင်ကျင့်ချင်စရာကောင်းနေတယ်တဲ့လေ။