Part - 1

1.4K 72 3
                                    

(Zawgyi)

ညနေခင်းရဲ့ လေပြည်သွဲ့ဘွဲ့က ဟန်မြစ်ကိုဖြတ်ကာ တိုက်ခတ်လာတာကြောင့် အေးစိမ့်စိမ့်နိုင်လှတယ်...။ မြစ်ကမ်းထက်က လူအတန်ငယ်ရှင်းတဲ့ သစ်ပင်ရိပ်အောက်မှာတော့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ယှဉ်လျက်သားမတ်တပ်ရပ်နေတယ်...။

လေပြည်ညှင်းက မိန်းကလေးရဲ့ ပျော့ပြောင်းနူးညံ့တဲ့ဆံနွယ်တို့ကို ဝေ့ဝဲတိုက်ခတ်သွားလေတယ်...။ မြင်ကွင်းက သိပ်ကိုကြည့်လို့ကောင်းပေမယ့်လည်း သူမရဲ့ မျက်နှာကတော့ ပုံမှန်ထက် တည်တင်းလို့နေတယ်...။ ဘေးမှာရပ်နေတဲ့ ကောင်လေးကတော့ စိုးရိမ်ကြောင့်ကြနေဟန်နဲ့ သူမကို မပြတ်တမ်းအကဲခတ် လို့နေတယ်...။

"ငါတို့လမ်းခွဲရအောင် ဟန်ဘင်း"

"ဘယ်လို... ယွန်းဂျီ...??

မျှော်လင့်ထားခဲ့ပြီးသားစကားပေမယ့်လည်း အသားမကျသလို တုန်လှုပ်ခြောက်ခြားစွာဖြင့် သူပြန်မေးမိတယ်...။

"နင့်နားကန်းနေလား.. ငါနင်နဲ့ဆက်မတွဲချင်တော့ဘူး.. အဲဒါကြောင့်လမ်းခွဲကြမယ်"

"နောက်ဆုံးတော့လည်း ဒီအချိန်ရောက်လာပြီပေါ့"

ကောင်လေးဟာ နာကျင်စွာနဲ့ရေရွတ်လိုက်ပေမယ့် သူမကတော့ မျက်နှာအမူအယာ တစ်ချက်မှမပြောင်းလဲသွားပါ...။ ဟုတ်ပါသည်.. သူမအတွက်တော့ အချစ်ဆိုတာ ကစားစရာတစ်ခုသာ...။

"ငါပြန်တော့မယ် .. သိပ်ပြီးလည်းဝမ်းနည်းမနေနဲ့... ငါ့ရဲ့ရည်းစားဖြစ်ခဲ့ရတာ နင်ကံကောင်းတာပဲဟာ"

သူမက ပြောပြီးတာနဲ့ ထိုနေရာကနေ ကျော့ကျော့မော့မော့လေးနဲ့ ထွက်လာခဲ့လေပြီ...။ ဝတ်ထားတဲ့ကိုယ်ကြပ်ဂါဝန်တိုလေးကြောင့် သိပ်လှတဲ့သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုပေါ်လွင်စေတယ် ...။ ၃လက်မလောက်မြင့်တဲ့ဒေါက်ဖိနပ်နဲ့ ကြွကြွရွရွလ လမ်းလျှောက်သွားတဲ့သူမဟာ နာမည်ကြီးမော်ဒယ်လ်တစ်ယောက်အလား...။

ဟန်ဘင်းဆိုသောကောင်လေးကတော့ ဟန်မဆောင်နိုင်တော့ဘဲ နေရာမှာတင်ထိုင်ချကာ ငိုကြွေးမိတော့တယ်...။ သူမဟာ ယောက်ျားတွေရဲ့ အသည်းနှလုံးကို လှည့်ဖျားကစားတတ်မှန်းသိနေရက်နဲ့ သူကြိုးစားခဲ့တယ်...။ သူမရဲ့ ချစ်သူအဖြစ်ကို ရောက်ရှိခဲ့တဲ့နေ့ကဆို သူအရမ်းပျော်ခဲ့ရတာ...။ တချိန်မှာ အထားခဲ့ခံရမယ်မှန်းသိနေပေမယ့် ထိုနေ့ကိုစိတ်ထဲကနေ မေ့လို့ထားခဲ့ဖူးတယ်...။

My Little Sister {Completed}Where stories live. Discover now