❣start❣

5.1K 260 0
                                    

ကျွန်တော်က မင်းရတု ပါ...
အရမ်းချမ်းသာတဲ့ မိသားစုကနေပေါက်ဖွားလာပြီး...တစ်ဦးတည်းသောသားတစ်ယောက်ပေါ့..မိသားစုမှာ ဖေဖေ့ရဲ့ ဩဇာအာဏာက အရမ်းကြီမားတယ်လေ...မေမေရော ကျွန်တော်ရော ဘယ်တော့မှ မလွန်ဆန်ခဲ့ကြဘူး...မလွန်ဆန်နိုင်ခဲ့တာလဲ ပါခဲ့မှာပါ..ဖေဖေဟာ..မိသားစုကို ချစ်သလောက် အရမ်းလည်းစည်းကမ်းကြီးတယ်...ဒါဆိုဒါပဲ..ဘာမှဝင်ပြောလို့မရခဲ့ဘူး..
ဒါပေမယ့် ဖေဖေရယ်..မေမေရယ်...အချစ်တွေနဲ့ ကျွန်တော်ပျာ်ခဲ့ပါတယ်..
မိသားစုဘဝဟာ အရမ်းပျော်စရာကောင်းတယ်လို့ လောကကြီးက ကျွန်တော့ကို သင်ပေးခဲ့တာပေါ့...
ကျွန်တော်လေ...မေမေ့ကို အချစ်ဆုံးပဲ...မေမေက ကျွန်တော့ကို အမြဲ အရိပ်တစ်ကြည့်ကြည့်နဲ့နေတတ်သူပေါ့...ဖေဖေက စီပွားရှာနေတော့ မိသားစုအပေါ် အချိန်မပေးနိုင်တာများတယ်လေ...ဒါကြောင့် ကျွန်တော့မွေးနေတွေမှာတောင်...တစ်ခါတစ်ရံမှ ဖေဖေရှိနေတတ်တာ..
သို့ပေမယ် ဖေဖေက ကျွန်တော့ ကို သူမလုပ်ပေးနိုင်တဲ့ အရားတွေအတွက် အစားထိုး လက်ဆောင်တွေပေးတတ်တယ်...
ကျွန်တော်အစက မလိုချင်ခဲ့ပါဘူး...ဖေဖေ့ကိုပဲ အနားမှာရှိစေချင်ခဲ့တာ..ဒါပေမယ့် ဖေဖေ့ရဲ့ ဆုပေး ဒဏ်ပေးစနစ်ကို သိလာတော့...နောက်ပိုင်း ကျွန်တော်..ဒီအတိုင်းလေးပဲနေခဲ့တော့တယ်..ဖေဖေနဲ့ စိမ်းသွားခဲ့ပေမယ့်..ကျွန်တော့ဘဝမှာ မေမေရှိနေတာနဲ့ ပြည့်စုံပြီလို့ တွေးခဲ့တာပေါ့...

ဒါပေမယ့်ဗျာ.......
တစ်နေ့တော့....
မေမေ....မေမေဟာ...ကျွန်တော်နဲ့ ဖေဖေ့ကို ထားခဲ့ပြီး..ဟိုးအဝေးကြီးကို ထွက်သွားခဲ့တယ်...အဲ့ဒီနေ့က...မေမေ ဗိုက်တစ်အားအောင့်လာလို့ဆိုပြီး...ဖေဖေဆီဖုန်းဆက်ခိုင်းခဲ့တယ်...ဖေဖေက အလုပ်မှာမို့မလာနိုင်ဘူးတဲ့...မေမေတစ်ယောက် နာကျင်မှုကို ကြိတ်ခံစားနေရတာကို ကျွန်တော် ကြည့်ပြီး ဝမ်းနည်းလာတာကြောင့် ဘေးအိမ်ကို အကူအညီတောင်းပြီး...မေမေ့ကို ကျွန်တော်..ဆေးရုံပို့ခဲ့ရတယ်...မေမေလေ..အရမ်းနာနေတယ်ထင်တယ်ဗျာ...လူးလှိမ့်နေတာပဲ...

ကျွန်တော်..ဖေဖေ့ဆီ ဖုန်းထပ်ဆက်ခဲ့တယ်..မေမေ့ကို ဘေးအိမ်က အကူအညီယူထားပြီး..ဆေးရုံ ပို့ပေးထားကြောင့်ပေါ့...အဲ့ဒီတော့မှဖေဖေက...စိုးရိမ်တစ်ကြီး...ပြောခဲ့တယ်...ဖေဖေလာမယ်..စောင့်နေပေးနော်တဲ့လေ...

NIGHT ( ည) [Complete]Where stories live. Discover now