ရုပ်ရှင်ရုံထဲ မှာ ရုပ်ရှင်ကလာတဲ့ အသံမှအပ...တိတ်ဆိပ်နေတယ်...
တိတ်ဆိပ်နေမှာပေါ့လေ...တစ်ရုံလုံးမှာ သူရယ် ကာရံရယ်...နောက်ထပ် ငါးယောက်လောက်ပဲ ရှိတာကို...အခုပြတဲ့ ရုပ်ရှင်ဇတ်ကားကလည်း...တစ်ကယ်တန်းပြောရရင်...သုတကြည့်ပြီးသား..ဒီနေ့က နောက်ဆုံးရုံတင်တဲ့နေ့လေ...တစ်မင်သက်သက်ကိုရွေးခဲ့တာပါ...နောက်ဆုံးမှ ကြည့်တော့ လူရှင်းတယ်လေ...ဒါမှ..သူချစ်တဲ့ ကာရံနဲ့ အနှောင့်အယှက်မရှိ အတူတူရှိရမှာ...ပြီးတော့...ဒီဇတ်ကားကို သူကြည့်ပြီးသားမို့...ဇတ်ကားကို အာရုံစိုက်စရာမလို..ဘယ်နေရာ ဘာအခန်းဆိုတာသူသိပြီးသား..အဲ့ဒီအတွက် အချိန်တွေကို သူချစ်တဲ့ ကာရံစီ..အရိပ်တစ်ကြည့်ကြည့် တစ်စိမ့်စိမ့်ကြည့်ရင်း ပေးထားနိုင်တယ်လေ...
အခုလည်း..ပေါက်ပေါက်ကလေးစားရင်း..ရုပ်ရှင်ကို စိတ်ဝင်တစားကြည့်နေတဲ့ ကာရံကို ရုပ်ရှင် ပြကွက်က လာတဲ့အလင်းရောင်တွေကြား...မှိန်သွားလိုက်..လင်းလာလိုက်နဲ့ တစ်မျိုးလေးကြည့်ကောင်းနေတယ်...တစ်ခါတစ်ခါ ပြုံးလိုက်လို့ပေါ်လာတဲ့ သွားလေးတွေကအစ...ပြကွက်ကလာတဲ့ အလင်းရောင်တွေ ထင်ဟပ်နေတဲ့ ကာရံ့ရဲ့ မျက်ဝန်းတောက်တောက်လေးတွေ...သူ့အတွက် ဒီအချိန်ဆိုတာ...အိမ်မက်တစ်ခုလိုပါပဲ....
တစ်နှစ်မှာ တစ်ကြိမ်သာကျရောက်ဒီလိုမွေးနေ့လေးတွေ အများကြီးကြုံခဲ့ရပေမယ့်...သူချစ်တဲ့ သူနဲ့အတူတူကျင်းပခွင့်ရတဲ့ မွေးနေ့ပွဲလေးဆိုတာ ဒါဟာ ပထမဦးဆုံးပါပဲ...ကျောင်းခန်းထဲကို ကျောင်းသားသစ်အနေနဲ့ စဝင်လာကတည်းက သူချစ်ခဲ့တဲ့ ကာရံ...
စာသင်တိုင်း...သူ့ကို ခိုးခိုးကြည်ခဲ့ရတာအမော...အစကတည်းက ကာရံ့ကို သူ နီးစပ်အောင် ကြိုးစားလို့ရခဲ့ပေမယ့်..ယောကျာင်္းလေးတစ်ယောက်ကို မှ ရင်ခုန်ခဲ့တဲ့ သူ့နှလုံးသားကို သူသေချာပြန်စမ်းစစ်ဖို့ အချိန်တွေအများကြီး ယူခဲ့ရတယ်လေ...ရောဂါလားဆိုပြီး စာအုပ်တွေရှာဖတ်ရင်းမှ..LGBTဆိုတဲ့ အရာကို သူသိခဲ့ရတယ်...ကာရံ့ကို အဝေးကသာခိုးခိုးကြည့်ပြီး သူ နဲ့အစိမ်းသက်သက် LGBT အကြောင်းတွေကို လက်လှမ်းမှီသလောက် လေ့လာနေခဲ့ရတယ်လေ..လိင်တူချစ်ခြင်းဟာ ရောဂါမဟုတ်တဲ့အကြောင်း...မျိုးရိုးလိုက်ခြင်းလည်းမဟုတ်တဲ့အကြောင်း..ပြီးတော့...လိင်တူလောကက Sexအတွက်သာသက်သက် ကျသားစားချင်လို့ဝင်ရောက်လာသော လူယုတ်မာအချို့အကြောင်း...စတာတွေလည်း သူသိခဲ့ရတယ်...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...