ပင်လယ်ပြင်ကနေ..တိုက်ခပ်လာတဲ့ လေတွေက လတ်ဆက်လွန်းလှပါ့တယ်...
ဆားနံ့လေးအနည်းအကျင်းနဲ့...သူ့မျက်နှာပေါ် ဖြတ်ပြေးသွားတဲ့ ပင်လယ်လေးတွေက...မြို့ပြဘဝ မွန်းကျပ်မှုတွေကို ပြေလျော့သွားစေတယ်...ကမ်းခြေ hotal ရဲ့ ခြံဝန်း အရှေ့ဘက်..အုပ်တံတိုင်းလေးပေါ်ကို..ထိုင်ရင်း..ကာရံတစ်ယောက်..အဝေးကနေ ပြေးလာနေတဲ့ လှိုင်းလုံး ဖြူဖြူလေးတွေကို ငေးကြည့်နေမိတယ်...
သူတို့တွေက ဟိုးအဝေးကြီးကနေ အမောတကော ခရီးနှင်လာခဲ့ပြီး..
ကမ်းခြေကိုရောက်မှ...အမောတွေဖြေဖျောက်..လို့ ငြိမ်ဝပ်စွာ အိပ်သွားတတ်တယ်...ဒီလိုပါပဲ...ကာရံဟာ လှိုင်းလုံးလေးတွေဆိုရင်...ကာရံနားခိုအိပ်စက်မယ့် သဲသောင်ပြင်ဟာ...ရတုရဲ့ ရင်ခွင်ကလွဲ ဘယ်သူရှိနိုင်မလဲလေ...
"ကာရံ...အအေးပတ်မယ်နော်...."
ပြောလဲ ပြောရင်း သူ့ကို အနောက်ကနေ သိုင်းဖတ်လာတဲ့ ရင်ခွင်ကျယ်ကျယ်လေးကြောင့် သူမော့ကြည့်မိတော့..ရတုရယ်ပါလေ...သူ့ကို ပြုံးပြနေတယ်...
ပြီးတော့..မော့ကြည့်နေတဲ့ သူ့နှဖူးလေးကို...အနမ်းလေးခြွေချလိုက်တယ်လေ...ရတုရဲ့ နုညံသော နှုတ်ခမ်း ပါးလေးက ကျဆင်းလာတဲ့ အနမ်းတစ်ပွင့်ကို အပြုံးနဲ့ခံယူရင်း ရတုရဲ့ ရင်ခွင်ကို သူမသိမသာလေ မှီထားလိုက်မိတယိ..
ဒီရင်ခွင်က သူ့အတွက် လုံလောက်သောနွေးထွေးမှုအပြည့်နဲ့ ပေါ့..."ရတု...."
"အင်း..ပြောလေ...."
"ကာရံ့ကို ချစ်လာဟင်...."
ရတုဆီက ရီသံသဲ့သဲ့လေးတစ်ချက်ကြားလိုက်တယ်..ပြီးတော့.သူ့ပါးပြင်ပေါ်အနမ်းလေးတစ်ပွင့် ဆက်ကနည်း ကျလာပြီး...ဖတ်ထားမှုတွေ ပိုတင်းကြပ်သွားတယ်...
"ချစ်တာပေါ့ကွာ...သိပ်ချစ်တာပေါ့...လက်မလွတ်နိုင်လောက်အောင်ချစ်တာပေါ့ကာရံရာ...."
ကာရံတစ်ချက် ဟက်ကနည်းရယ်လိုက်တယ်..
"အဟက်..မယုံပါဘူးဗျာ..လွန်ခဲ့တဲ့ငါးနှစ်က..ကျုပ်ကိုထားပြီး ခများနိုင်ငံခြားထွက်သွားဖို့ လုပ်ခဲ့တယ်လေ...မယုံဘူး.."
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...