❣ 2 ❣

2.3K 196 1
                                    

တံခါးခေါက်သံကြောင့် လူက လန့်နိုးသွားရတယ်...ညက ဘယ်အချိန် သူအိပ်ပျော်သွားလဲမသိ...မျက်လုံးတွေလေးလံနေမှုအရေ..သူတော်တော် ငိုဖြစ်ခဲ့မယ်ထင်ပါတယ်....

"ဖေဖေပြော..ဘာကိစ္စရှိလို့လဲ..."

"အေး နိုးရင် အဝတ်အစားလဲ ပြီး အောက်ဆင်းလာခဲ့ မင်းကို မိတ်ဆက်ပေးစရာရှိတယ်..."

"ကျွတ်စ်....ပြီးယော ပြီးယော..."

မိတ်ဆက်ပေးမယ်ဆိုမှတော့..ဟို မိန်းမကြီးပဲနေမှာ..မတွေ့ချင်တာတော့အမှန် ဒါပေမယ့်..ဖေဖေ့ဩဇာကလဲ ကြီးတော့...မင်းရတုတစ်ယောက်..မထခြင်ထခြင်နဲ့ ရေချိုးခန်းထဲ ဒရွတ်တိုက် ဝင်သွားလိုက်တော့တယ်...တွေ့ကြပြီပေါ့ ဟိုမိန်းမကြီးရာ..ဆိုတဲ့ ကြိမ်းဝါးမှုနဲ့အတူပေါ့...
.................................................

လှေကားကနေဆင်းလာတော့ ဧည်ခန်းထဲမှာ ဖေဖေရယ်...မိန်းမကြီးတစ်ယောက်ရယ်...မင်းရတုပိုင်အရွယ်ကောင်လေးတစ်ယောက်ရယ်ပါတွေ့လိုက်ရတယ်...

ဟိုမိန်းမကြီးနဲ့ ရုပ်ဆင်တယ်ကြည့်ရတာ သားအမိလား...ဟင်ဒါဆို..ဟိုမိန်းမကြီးမှာ သားတစ်ယောက်ရှိနေတာပေါ့...ကျွစ် ဖေဖေတော့ ဘာတွေ လုပ်နေတာလဲကွာ...

မစဉ်းစားတတ်တဲ့ အခြေအနေမို့..ခေါင်းကိုသာတစ်ဗြင်းဗြင်းကုတ်ရင်း ဧည့်ခန်း ဆိုဖာတွေဆီသာ ဝင်ထိုင်လိုက်တော့တယ်လေ...

"ကဲ.... မြရေ...ဒါက ကျွန်တော့သား...တစ်ဥိးတည်းသောသာပေါ့..မင်းရတုတဲ့ လူကနည်းနည်းဆိုးတယ်...မြသည်းခံနိုင်မှရမယ်နော်..."

(အမယ်..မြတဲ့..ဟာဟ....)မင်းရတု မဲ့ရွဲ့လိုက်မိသလားပါပဲ..ဖေဖေကတော့ဆက်ပြီး မိတ်ဆက်ပေးနေတယ်..

"သား...သူက မင်းမေမေဖြစ်လာမယ့် ဒေါ် မြသန္တာ...ဟောဟိုဘက်ကထိုင်နေတာက...သူ့ရဲ့သား...ညကာရံ တဲ့..."

"ဟုတ်ကဲ့ အန္တီ..."

မချစ်သော်လည်း အောင့်ခါနမ်းပေါ့...ပြုံးပြလိုက်တယ်..အန်တီလို့ခေါ်တဲ့အပေါ်.. ဒေါ်မြသန္တာတစ်ယောက် မသိမသာ မျက်နှာပျက်သွားတာကို တွေ့လိုက်ရတာကိုကအရသာပင်...ကောင်လေကတော့...ခေါင်းလေးငုံထားတယ်...ကြည့်ရတာလူကြောက်တတ်တဲ့ ပုံပဲ..ဒါပေမယ့် မင်းရတုမကျေနပ် ဒီကောင်လေးကရော သူ့အမေကို မတားဘူးလား သူ့အဖေနေရာကို အစားဝင်မယ့်သူလေ...မဖြစ်သေးပါဘူး..ငါသူ့ကို ဆွယ်ကြည့်မှဆိုတဲ့ အတွေးနဲ့...

NIGHT ( ည) [Complete]Onde histórias criam vida. Descubra agora