ကန်ရေပြင်ကြီးကတော့ လှိုင်းကြပ်ခွပ်ကလေးတွေနဲ့ သာယာလို့...
ဟိုးအဝေးကောင်းကင်ပေါ်ကနေ..ငှက်စုံတွဲလေး က ကြည်နူး ရွှင်ပြစွာပြန်သန်းနေခဲ့တယ်လေ....ရတု တစ်ယောက်...ခပ်ဝေးဝေးကမြင်ကွင်းကိုပဲ ငြိမ်သက်တတိတ်ဆိပ်စွာကြည့်နေမိတယ်...
ဒါပေမယ့် အတွေးက အဲ့ဒီနေရာမှာမရှိ...သေချာပြောပြရရင်...ရတုတစ်ယောက် သူ့စိတ်ကိုသူပြန်စမ်းစစ်နေခဲ့ရတယ်....အခု ကာရံမှာအပြုံးအရယ်မရှိတော့....သူ့ဆီကို တုန့်ပြန်မှုတိုင်းက ဝတ်ကျေတန်းကျေရယ်ပါလေ...သူအဓ္ဓမသိမ်းပိုက်ခဲ့ပြီးနောက်..ကစပြီး...ကာရံရဲ့ အပြူံးတွေအရယ်တွေကို သူမမြင်ခဲ့ရတော့ပါလေ...
ဒါကိုပဲ သူမလိုချင်...သူမှားသွားပြီလားဆိုတာထက်..ဒီလိုဆိုးရွားတဲ့ အပြုအမူကို လုပ်ဖြသ်ခဲ့လိမ့်မယ်လို့ သူ့ကိုယ်သူတောင်မထင်ထားမိ..အခု သူကျူးလွန်ခဲ့မိခဲ့ပြီ....ထိုကိစ္စတွေ ဖြသ်ခဲ့ပြီးတဲ့နောက်....ကာရံနောက်ဆုံး သူ့ကိုပြောခဲ့တဲ့စကားတွေ သူမှတ်မိနေပါသေးတယ်...
(ရတု...မင်းသဘောအတိုင်း..ငါဟာ မင်းရဲ့အပျော်မယာတစ်ယောက် လုပ်ပေးမယ်..အေး...ဒါပေမယ့်မင်း ငါ့ကိစ္စတွေကို ဝင်စွပ်ဖက်စရာအကြောင်းတော့မရှိဘူး...မင်းသိထားဖို့က...ငါ့မေမေပျော်ရွင်ဖို့အတွက်..မင်းကို ငါပေးဆပ်နေတာကလွဲ..ငါ..မင်းကို အရမ်းမုန်းတယ်ဆိုတာပဲ ရတု...)စကားလုံးတွေကအေးစက်ပြီး ရတုအတွက် ရင်ဝကို ဓားနဲ့ခွဲခံရသလို ခံစားခဲ့ရတယ်...ရတု သူတို့သားအမိကို မကြည်ဘူးဆိုပေမယ့် ကာရံ့ကို စ နောက်နေရရင် ရတုပျော်ခဲ့တယ်...ကာရံရဲ့ ရှက်သွေးဖျာမှုတွေ တစ်ချို့ အမူအရာတွေကို ရတု နှစ်သက်ခဲ့ဖူးတယ်...အထူးသဖြင့် ကာရံပြုံးပျော်နေတာကို ခပ်ဝေးဝေးကကြည့်ပြီး သူကြည်နူးခဲ့ဖူးတယ်...ဒါကြောင့်လဲ မသိစိတ်ရော သိစိတ်က လှုံ့ဆော်မှုကြောင့် ကာရံ့ကို သူနဲ့ အခန်းအတူတူထာယဖို့ သူကြိုးစားခဲ့တာပါ...ဒါပေမယ့်..အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်..ကာရံ့ဘေးနှားမှာ သုတကို တွေ့ခဲ့ပြီး အချိန်ကစ..သူ့ရင်ထဲ အမည်မသိသော မုန်တိုင်းတွေ လှိုင်းထန်သွားတယ်..
ကာရံ့နဲ့အထိအတွေ့ရှိတိုင်း သူ့လိင်စိတ်နိုးကြွမှုကို သူသိပါတယ်..ဒါဟာဘာကြောင့် လဲတော့သူမသိပေမယ့်...အိပ်ပျော်နေသော ကာရံကို တစ်စိမ့်စိမ့်ထကြည့်တတ်တာကလွဲ သူ့မှာ စိုးရွားတဲ့အတွေးမရှိခဲ့...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...