"Chocolate ice_cream...နှစ်ခုပေးပါခမျ...."
ဒီနေ့ နေသာတယ်...ကမ်းခြေဆိုတော့ သိတဲ့အတိုင်းပဲ...သဲသောင်ပြင်မှာ သစ်ပင်မရှိဘူးလေ...ကိုယ်တော်လေးက ရေကူးလို့မောတော့..ရေခဲမုန့်စားချင်တယ်တဲ့လေ...
ဒါကြောင့် သူ့ကိုစောင့်ခိုင်းပြီး လူက အပြေးလေး သွားဝယ်လိုက်ရတယ်.."အ...sorry..."
"ဟ..."ရေခဲမုန့်ရေတော့..ပိုက်ဆံရှင်းပေးပြီး တစ်ခုစီကို တစ်ဖက်စီကိုင်လို့..ခပ်လောလော လှည့်အထွက်...
တစ်ဖက်ကလာတဲ့ လူကိုညမတွေ့မိလိုက်တော့ဝက်တိုက်မိပြန်ပါတယ်လေ..အားနာစရာဗျာ..သူ့အင်္ကျီမှာ ရေခဲမုန့်လေး အနည်းငယ်ပေသွားတယ်..
ဒါနဲ့တောင်းပန်နေရင်း...ရေခဲမုန့်ကို လက်တစ်ဖက်တည်း ခဏကိုင်လို့...
တစ်ရှူးလေးအမြန်ထုတ်ရင်း သုတ်ပေးနမိကာဖြင့် ထိုသူကို ကြည့်လိုက်တော့...
ရတုဇဝေဇဝါဖြစ်သွားတယ်..
(ငါတွေဖူးသလိုပဲ..ဒီမျက်မှန် ဒီမျက်နှာ..ဟိုက်..ပုသိမ်မှာတုန်းက ဝင်တိုက်မိခဲ့တဲ့ကောင်လေးပဲ..ရတုရယ်..ပြသနာရှာပြန်ပြီ...ဟူး..
အယ်..ဒါနဲ့ အဲ့ဒီမျက်နှာအကျကို ငါ မြင်ဖူးနေသလိုပဲ..လူတူတာလား..ဘယ်သူနဲ့လဲ...)လက်ကသာ သုတ်နေပေမယ့်..ရတု အသေအကြေစဉ်းစားခန်းဖွင့်ပြီး..ပတ်ဝန်းကျင်ကို မေ့နေခဲ့မိတယ်..
"ဟို..ရ..ရပြီအကို...မကျန်တော့ပါဘူး..."
တစ်ဖက်က..သတိပေးလာမှပဲ အသိလေးဝင်လာပြီး..အော်ဟုတ်..ဟုတ်..လို့ဖြေမိသွားတယ်...
လက်ထဲက ရေခဲမုန့်လေးကြည်တော့ တိုက်မိတဲ့ တစ်ခုက အရာယွင်းနေတာမို့..ပြန်ဝယ်ဖို့ကြည့်လိုက်သေးတယ်..ဒါပေမယ့် ကာရံစောင့်နေရတာကြာမှာဆိုးလို့...မဝယ်တော့ပဲ တစ်ကိုက်ကိုက်လိုက်ပြီး..အပြေးသွားလိုက်မိတော့တယ်...
................................
ကာရံ စဉ်းစားမိနေဆဲ..ဦးဆိုတာ ဘယ်သူလဲ..ပုံထဲ ကြည့်တော့...သူ့ထက် အသက်၇နှစ်လောက်ပဲ ကြီးမယ့် ပုံပါ...
ပြီးတော့..ဒိမနက် ရတုရေချိုးနေတဲအချိန် ရတုဖုန်းကို သူယူကြည့်မိတယ်.. albums တွေထဲဝင်ကြည့်မိတော့...
သူနဲ့ ပုံတွေရယ်...ရတုတစ်ယောက်တည်းပုံတွေရယ်...ပြီးတော့..အဲ့ဒီဦးဆိုတဲ့ လူရဲ ပုံတွေရယ်ပါ တွေ့ခဲ့ရတယ်လေ.....
(ရတု သူ့ကို ပျင်းသွားပြီလား...အသစ်ရှာချင်နေပြီလား...ဟူး မဟုတ်လောက်ပါဘူးလေ...သူငါ့ကို ချစ်တယ်ဆိုတာ ငါသိနေတာပဲ...
ဒါဆို..ငါးရံ့နှစ်ကောင်ဖမ်းချင်နေတာလား...)ကာရံတစ်ယောက်..အတွေးတွေနဲ့သာရှုပ်ရှက်ခက်နေပါတော့တယ်...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...