အခန်းလေးထဲ စကားသံတွေ တိတ်ဆိပ်သွားတယ်...ရတုတစ်ယောက် ညကာရံကို တင်ူကြတ်စွာ ဖတ်ထားပေမယ့် ..ကာရံကတော့ ဘာမှမတုန့်ပြန်မိ...တောင့်တောင့်ကြီးသာရပ်နေမိလျက်သား...
(ငါးမင်းကို အရမ်းမုန်းတယ်...မင်းရတု....မင်းကိုအရမ်းမုန်းတယ်..အဲ့ဒါမင်းသိလား)ကာရံစိတ်ထဲမှာ ထိုစကားလုံးများသာ ပဲ့တင်ထပ်လျက်....ကာရံ့နားထဲမှာ ရှိုက်သံသဲ့သဲ့ ကို ကြားလိုက်ရတယ်...
သူ့ကိုတင်းကြတ်စွာဖတ်ထားရင်းမှ..ရတုတစ်ယောက်..တစ်ခုခုကို လက်လွတ်သွားမှာစိုးသည့်အလား...ကာရံ့ရဲ့ ကျေားပြင်ကို စမ်းသပ်ပွတ်သပ်နေရင်းက..."ငါ...ငါတောင်းပန်ပါတယ်..ကာရံရယ်...ငါတောင်းပန်ပါတယ်...ငါ့မှာ ငါ့မှာ မင်းကို မုန်းသွားစေချင်တဲ့ ရည်ရွယ်ချက်တွေမရှိပါဘူးကွာ...ငါ..ငါဘာကြောင့် အဲ့ဒီလို လုပ်လိုက်မိမှန်းမသိပါဘူး...ငါ..ငါ့ကိုငါလည်း..မသိတော့ဘူး...ကျေးဇူးပြု၍ ငါ့ကို ခွင့်လွှတ်ပေးပါကွာ...ငါ့ကို ပြင်ဆင်ခွင့် အခွင့်အရေးလေးပေးပါကွာ...ငါတောင်းပန်ပါတယ်...ငါ့ဒီအခြေအနေကြီးကို မုန်းလှပြီ..ကာရံရယ်......"
(ဟင်...သူ...သူငိုနေတယ်...သူဘာလို့ ငိုနေတာလဲ...အို..အဲ့ဒါငါနဲ့မဆိုင်ဘူး...ငါသိတာတစ်ခုပဲ..ငါ ရတုကို မုန်းတယ်..သေလောက်အောင်မုန်းတယ်)
"သွားစမ်းပါ.....!!!"
ညကာရံ...သူ့ကို တင်းကြတ်စွာဖတ်ထားသော..မင်းရတုကို...အတင်းရုန်းကန်ပြီး အားကုန်တွန်းလွှတ်လိုက်တော့...ရတုတစ်ယောက်..ဝုန်းခနဲ ကြမ်းပြင်ပေါ် လဲကျသွားရတယ်...
"တောင်းပန်တယ်ဟုတ်လား...အဟက်...မင်းငါ့ဘဝကို ဖျက်စီးခဲ့ပြီကွ...မင်းငါ့ကို အနိုင်ကျင့်ခဲ့ပြီးပြီ ရတု...ငါသေလောက်အောင်နာကျင်ခဲ့ရတယ်...ငါ့..ငါ့အရှက်..ငါ့သိက္ခာ..ငါ့ဘဝကို မင်းနင်ခြေခဲ့တာလေ...အဲ့ဒါကို..အကိုမှ..မင်းရဲ့တောင်းပန်တယ်ဆိုတဲ့ စကားနဲ့ ငါက ဖြေသိမ့်ရမှာလားရတု..."
လက်ညိုးငေါက်ငေါက်ထိုးကာပြောလာသော..ကာရံရဲ့ စကားလုံးတိုင်းက..ရတုရဲ့နှလုံးသားကို...အပ်တစ်ချောင်းနဲ့ ထိုးစွနေသလိုပါပဲလေ...ရတု..ပြန်မထဖြစ်တော့..ထဖို့ရန်လည်းအားမရှိ...မျက်ရည်မျာူကျဆင်းလျက်သာ.ကာရံ့ကိုမော့ကြည့်ပြီး..ကာရံရဲ့နာကျည်ူချက်တွေကို လက်ခံယူနေမိပါတော့တယ်...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...