"မင်...မင်းသုတ..မင်းငါ့ကို ဘာလို့ထိုးတာလဲ..."
နှုတ်ခမ်းထောင့်က ခပ်စိမ့်စိမ့်လေး စီးလာတဲ့ သွေးစအချိုးကို လက်ဖမိုးနဲ့ သုတ်လိုက်ပြီး..အခြေအနေတွေကို နားမလည်ခြင်းများစွာဖြင့်..ရတု မေးလိုက်မိတယ်...
ဝင်းလက်နေတဲ့ လျှပ်စီးရောင်တွေကြားမှာ လက်သီးကို ကြစ်ကြစ်ပါအောင် စုတ်ထားရင်း မိုးရေတွေစိုရွှဲနေတဲ့ သုတရဲ့အကြည့်တွေမှာ..ဒေါသအရိပ်တွေကို ရတုမြင်နေရတယ်လေ..
"ဘာလို့လဲ...ဘာလို့လဲဟုတ်လား...မင်း..ကာရံ့အပေါ်လုပ်ခဲ့တာတွေနဲ့ ယှဉ်ရင် ငါ့ရဲ့လက်သီးတစ်ချက်က ဘာမှမပြောပလောက်ဘူးရတု..ငါဒိထက်မင်းကို ပိုပြီးထိုးချင်သေးတယ်..အဲ့ဒါမင်းသိလား...."
ဘာ!!!!.
"သိပ်အံ့ဩနေလား...ငါအကုန်သိခဲ့ရပြီကွာ..မင်းကာရံ့ကို အနိုင်ကျင့်ခဲ့တာတွေ...မင်းအတင်းအဓ္ဓမ ခြေတော်တင်ခဲ့တာတွေ...ကာရံကို မင်းရဲ့အပျော်မယားအဖြစ်..မင်း အကြိမ်ကြိမ်...မင်း..မင်း..."
သုတစကားတွေ ထပ်ပြီးထွက်မကျနိုင်တော့..ကာရံ့အစား သူရင်နာမဆုံးပါလေ...
"အေး..ငါက အပြင်လူပါ ရတု..မင်းတို့နဲ့ ဘာမှမဆိုင်ပေမယ့်..ငါချစ်တဲ့ ကာရံ့ကိုတော့...မင်းလုပ်ရပ်တွေအပေါ်..ငါခွင့်မလွှတ်နို်င်ဘူးကွ...အခုမင်းဘာလာလုပ်တာလဲ. ဟမ်...ကာရံ့ကို လာရှာတာလား..ဟုတ်လား..."
ရတု ဘာမှပြန်မဖြေမိတော့...မိုးရေထဲမှာပင်.. ငူငူကြီးခေါင်းငုံ့ရပ်နေမိတော့တယ်....
သုတတစ်ယောက်...သူ့ဆီပြေးလာပြီး သူ့ရင်ဘတ်အင်္ကျီစကို စုတ်ကိုင်ဆွဲမလိုက်တာတောင်..သူ့မှာတုန့်ပြန်ဖို့အင်အားမရှိတော့..."မင်း...ရှာမနေနဲ့ ကာရံက အခု မင်းအိမ်မှာ မရှိတော့ဘူးကွ...."
ဂျိမ်း!!!!!!!!
"ဘာ...!!ဘယ်လို...သုတ...မင်းမဟုတ်တာတွေမပြောနဲ့..."
ရတု မျကိလုံးတွေဝိုင်းစက်ပြူးကျယ်သွားရတယ်(ကာရံက အိမ်မှာမရှိတော့ဘူးတဲ့) နာမလည်ခြင်းများစွာနဲ့ ရတုတသ်ယောက်...သူ့ကော်လံစကို ဒေါသတစ်ကြီး စုတ်ကိုင်ထားတဲ့ သုတရဲ့ လက်အစုံကို ကိုင်ပြီး မေးလိုက်မိတော့...သုတက သူ့ကို စုတ်ကိုင်ထားရင်းမှ အားပါပါဖြင့် တွန်းလွှတ်လိုက်ပါတော့တယ်...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...