❣night on the beach❣ 1

1.4K 102 0
                                    


..ကားးလေးကတော့..လှုပ်လီလှုပ်လဲ့ သူ့ရှိန်လေးနဲ့ သူ သွားနေလေရဲ့...တစ်ခါတစ်ခါ မြင်ကွင်းထဲ တိုးဝင်လာတတ်တဲ့ လယ်ကွင်းတွေ...ထရံကာတဲလေးတွေ...ဟိုးအဝေးက မှုံပြပြ တောင်တန်းလေးတွေ ကုန်းမြင့်လေးတွေက သဘာဝရဲ့ ပန်းချီကားတစ်ချပ်အလားပါပဲ....

ရတု..ကားပြတင်းပေါက်မှတစ်ဆင့်...အပြင်ဘက်ကို ပြုံပြုံးလေးငေးကြည့်နေမိတယ်....တစ်ခါတစ်ခါ ကောင်းကင်အထက်မှာ ပျံဝဲနေတတ်တဲ့ ငှက်ကလေးတွေကလဲ..ဒီပန်းချီကားရဲ့ သင်ဝင်လှုပ်ရှားမှုတစ်ခုပါပဲလေ....

အင်းခနည်း ညည်းငြူ လှုပ်ရှားသွားမှုကြောင့်..သဘာဝကို အရသာခံစားနေရင်း ရတု သူ့ရင်ခွင်လေးထဲ ပြန်ကြည့်မိတယ်...

ကလေးလေး...သူချစ်တဲ့ ကာရံလေး...ကလေးတစ်ယောက်လိုပါပဲ..သူ့ရင်ခွင်ကို ခေါင်းမှီလို့ ခွေခွေလေးအိက်နေတယ်လေ...အိပ်နေမှာပေါ့.. ရှိသမျ တွေ့သမျှ မုန့်တွေ..ဝယ်ဝယ်စားပြီး အခုတော့ ကိုယ်တော်လေးက..သူ့ရင်ခွင်ထဲ အဆီရစ် အိပ်မောကျနေလေရဲ့...

ရတု..တစ်ချက်ပြုံးလိုက်မိတယ်..ပြီးတော့...ကာရံ့ရဲ့ နှဖူးလေးကို ခပ်ဖွဖွလေးငုံ့နမ်းလိုက်မိတယ်...

၅နှစ်ပြည့်ခဲ့ပြီ....သူတို့ချစ်သူသက်တန်းက ငါးနှစ်ပြညိ့ခဲ့ပြီလေ...နှစ်ယောက်သားလဲ အလုပ်ကိုယ်စီနဲ့ လက်တွဲလို့..အတူတူ ဖြတ်သန်းခဲ့ကြတာပေါ့...

နှစ်တွေတိုင် anniversary ကို အတူတူကျင်းပဖြစ်တယ်...ဒါပေမယ့် ရန်ကုန်မြို့ထဲမှာပါပဲ...အခု ဒီနှစ်မှာတော့ နှစ်ယောက်သားတိုငိပင်ဖြသ်တယ်...ကမ်းခြေတစ်ခုခုကို သွားရအောင်ဆိုပြိးတော့လေ...

ဒါကြောင့် အခု ပုသိမ်ကို ထွက်လာခဲ့ကြတာပေါ့...

ဒင်းလေးကတော့..ကားထွက်ပြီး တစ်နာရီကြာတာနဲ့ စအိပ်တော့တာပဲ..
အခုလဲ ကြည့်ပါဦး...ငြိမ့်ငြိမ့်လေး တစ်ရှိန်ထိုးအပြေးသွားနေတဲ့ ဒီကားကြီးပေါ်မှာ..ကြက်ဥပြုတ်လေး တစ်ယောက်တစ်ကိုက်ခွန့်ပြီး Roမယ် လို့ မကြံရသေး...ဒင်းလေးက..သူ့ရင်ဘတ်ကို ခေါင်းအုံးလုပ်ပြီး အိပ်ချက်က...ကားနဲ့အပြိုင်လို့ကို ဆိုရမလားပဲဗျာ...

ရတုတစ်ယောက် ကို့အတွေးကို ကိုယ်သဘောကျကာ..အဟက်ကနဲတစ်ချက်ရယ်ရင်း..ခေါင်းလေးခါကာ..ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ရှုခင်းတွေကို တစ်ချကိကြည့်လိုက်ပါတော့တယ်...

NIGHT ( ည) [Complete]Where stories live. Discover now