ညကာရံတစ်ယောက် လေးတွဲနေတဲ့ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းသာလျှောက်နေမိတယ်...
သက်ပြင်းကို တဟူးဟူး မှုတ်ထုတ်လို့...ဘယ်အရာမှခေါင်းထဲမှာမရှိ...
ပင်ပန်းနေသလို...လေးတွဲနေတဲ့ ခံစားချက်သာရှိနေသည်...
ဒီနေ့ သူ့ ကျောင်းကို bus ကားသာစီးလာခဲ့သည်လေ...မင်းရတုရဲ့ ကားနဲ့ အိမ်ကလွှတ်ပေမယ့် သူမစီးရဲ မစီချင်....ဒါကြောင့် bus ကားပဲ စီးချင်ပါတယ်ဆိုပြီး နေလာခဲ့တာ...ဒါနဲ့ဆို တစ်လကြာလောက်ရှိခဲ့ပြီ..
ဒါပေမယ့် ညတိုင်း သူအိပ်မရခဲ့.... တစ်ခန်းတည်း အတူမနေဖို့ ပြောရင်လည်း မင်းရတုက မေမေနဲ့ ခြိမ်းခြောက်သည်...မေမေကလည်း..လက်မခံ...ရင်းနှီးမှုကို ကိုယ်ကအရင်ယူရမယ်သားရဲ့တဲ့လေ...
မေမေ မသိဘူးနော်လို့ သာ အတွေးထဲပြောနေပေမယ့် နှုတ်ခမ်းဝက ဘယ်တော့မှ ထွက်မကျလာခဲ့...မေမေ့ရဲ့ အပြုံးလေးတွေနဲ့ သားသူရှေ့ဆက်နေခဲ့ရတာပါ...
မင်းရတုက တစ်ကယ်လား အတည်လား နောက်နေတာလားတော့မသဲကွဲ..သူ့ကို ထိကပါးရိကပါးနဲ့လေ...
အဆိုးဆုံးက ညဘက် တုန်းလုံး အိပ်တဲ့ကိစ္စ...
သူညဘက်အိပ်မပျော်နိုင်တာ အဲ့ဒါတွေကြောင့်ပင်လေ...
အခုလည်း..ကျောင်းရှေ့ရောက်ပြီး အတန်းထဲမဝင်ချင်တာနဲ့...
ကန်တင်ဘက် ထွက်လာခဲ့လိုက်ဖြစ်လိုက်ခဲ့တယ်...
လူကလဲ အိပ်ရေးပျက်တာများတော့ ခပ်နုန်းရယ်...ကန်တင်းရောက်တော့လည်း...ဘာမှမစားချင်...ဒါကြောင့် သံပရာရည် တစ်ခွက်သာမှာပြီး အဝေးတစ်နေရာကို အတွေးတွေနဲ့သာ ငေးနေမိတယ်လေ....
"ဟိုလေ....ကျွန်တော်...ဒီမှာထိုင်လို့ရမလား..."
မိမိအတွေးနဲ့ မိမိ စီးမျှောနေတုန်း...
ခပ်နိမ့်နိမ်အသံလေးနဲ့ ခွင့်တောင်းလာသူကြောင့်.. ထိုသူကို လှည့်ကြည့်မိပြီး...ပတ်ဝန်းကျင်ကိုလည်း တစ်ချက်ကြည့်မိတယ်...
ဆိုင်က လူရှင်းနေသလို..ခုံလွတ်တွေလည်း အများကြီးပဲလေ...ဒါကြောင့်.."ဟုတ်..ကျနော်နဲ့ ဘာကိစ္စများ..."
ထိုသူက အဟက်ကနည်း တစ်ချက်ပြုံးပြလိုက်ပြီး ခွင့်ရသည့်အနေအထားသူ့ရှေ့ဝင်ထိုင်လိုက်တာကို ညကာရံ မျက်လုံးဝိုင်းလေးတွေနဲ့ သေချာကြည့်နေမိတယ်...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...