❣ 11 ❣

1.4K 119 0
                                    

မိုးတွေ အရမ်းရွာနေပေမယ့်...
အသစ်စက်စက် အုပ်ဂူ ဖြူဖြူလေးနှစ်ခုအရှေ့မှာ..အလှုပ်မယှက် ငြိမ်သက်စွာရပ်နေကြတဲ့...ညကာရံနဲ့ မင်းရတုကို...သုတ..သေချာကြည့်နေမိခဲ့တယ်....

သုတတစ်ယောက် အံ့လဲ အံ့ဩရသလို...နှစ်ဖက်စလုံးကိုလည်း..ဂရုနာသက်မိတယိလေ..
ဘာကြောင့် အံ့ဩ ရလဲဆိုတော့...ရတုနဲ့ ကာရံဟာ...တစ်အိမ်တည်းအတူတူနေကြတဲ့ အဖေပါသား အမေပါသားတွေ ဖြစ်နေခဲ့တယ်ဆိုတာ..သုတအခုမှ သိလိုက်ရလို့ပါ...

ဂရုနာသက်မိတာကတော့...တစ်ယောက်စီရဲ့ မိဘတွေ က ရှေ့ဆင့်နောက့်ဆင့် တစ်ပြိုင်တည်း ဆုံးသွားကြလို့ပါပဲ...

မင်းရတုရဲ့ ဖေဖေ ခရီးတစ်ခုသွားရင်း car accident ဖြစ်လို့...ကွယ်လွန်ခဲ့ရသလို..ကာရံရဲ့မေမေကလဲ...အဲ့ဒီသတင်းကြားပြီးနောက်...ချက်ချင်း အမောဖောက်လို့ ဆေးရုံတင်ခဲ့လိုက်ရတယ်လေ..ပြီးတော့ ဆုံးပါသွားခဲ့ရတယ်...

အခုတော့...သူတို့နှစ်ယောက်စလုံး လောကကြီး အလည်မှာ တစ်ကောင်ကြွက် တစ်မျက်နှာစီ ဖြစ်ခဲ့ရပြီ...ကံတရာရဲ့ စီမံမှုက တစ်ခါတစ်လေ..အရမ်းကြောက်ဖို့ကောင်းလိုက်တာလို့ပဲ..သုတတွေးနေမိပါတော့တယ်....

ပေမယ့်..ရှေ့ကနှစ်ယောက်ကတော့..သက်ဆိုင်ရာ အုပ်ဂူလေးတွေဆီမှာ..မလှုပ်မယှက် ငြိမ်သက်နေကြဆဲပါပဲလေ...
......................................

မင်းရတု...လက်ထဲက ဗီဒိုသော့လေးကို တစ်ချက်ကြည့်ပြီး ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထမိတယ်...မျက်ရည်တွေ ဝဲနေပေမယ့်...သူမငိုနိုင်တော့....ကာရံနဲ့ ပြသနာဖြစ်ပြီး သူအပြင်ကို ပြေးထွက်ခဲ့ပေမယ့်...သိပ်မကြာခင်မှာပဲ လောကကြီးက သူ့အတွက် ကံဆိုးခြင်းတွေကို ဖုန်းနဲ့တကူးတစ်က ပြောခဲ့တယ်လေ...

ဖေဖေ car accident ဖြစ်လို့ အရေးပေါ်ဌာနမှာတဲ့....
သူ အမောတကောပြေးသွားရတယ်...မေမေ့နောက်ဆုံးနေကြောင့် သူမုန်းနေခဲ့ပေမယ့်...ဒီသတင်းကြားတော့..သူ့ခေါင်းကို မိုကြိုးပစ်ချလိုက်သလိုပါပဲ...

ဒါပေမယ့် အခု ဖေဖေမရှိတော့ဘူး...သူ့ကို စိတ်မချစွာထားသွားခဲ့ပြီ...
(သား....ဖေဖေ့ကို..ခွင့်..ခွင့်လွှတ်...ပေးပါ)တဲ့ ဖေဖေနောက်ဆုံး ဒီဗီဒိုသော့လေးပေးသွားရင်းက အားယူပြောခဲ့တဲ့ စကား...

NIGHT ( ည) [Complete]Where stories live. Discover now