ကာရံသတိရလာပြီ ဆိုသည်နှင့် တစ်ပြိုက်နက်...ဆေးနံ့ပြင်းပြင်းတွေကို ရှူရှိုက်လိုက်ရတယ်....တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို..ညောင်းညာကိုက်ခဲနေတယ်...မျက်လုံဖွင့်ဖို့ဘအားရယ်လို့မရှိ...ဒါ့အပြင် ဝမ်းဗိုက်ပိုင်းကလဲခပ်စူးစူးနာကျင်မှုမျိုကိုလဲခံစားလိုက်ရတယ်လေ...
"ကာရံ..သတိရပြီလား...သက်သာရဲ့လား..."
ကာရံမျကိလုံးကို အားယူပြီး ဖွင့်ကြည့်မိတယ်...မှုံဝါးနေတဲ့အမြင်တွေ တသ်ဖြည်းဖြည်းကြည်လင်လာတော့...သူ့လက်ကိုကိုင်ကာ စိုရိမ်တစ်ကြီး အကြည့်တွေနဲ့ သတင်းမေးနေရှာတဲ့ သုတကို တွေ့လိုက်ရပါတယ်...
သုတရဲ့မျက်ဝန်းမှာ မျက်ရည်ကြည်လေးတွေကိုလည်း သူတွေ့လိုက်ရတယ်..ဒါကြောင့် အားယူ ပြုံးပြလိုက်မိတယ်...ကာရံ့အပြုံးကို မြင်မှသုတတစ်ယောက်...သက်ပြင်းအရှည်ကြီးကိုချသွားတယ်လေ..ပြီးတော့..သူ့ခေါင်းထက်က ဆံနွယ်ပါးပါးလေးတွေကိုညခပ်ဖွဖွလေးပွတ်သပ်ချော့မြူနေရင်း..အငိုမျက်လုံး အပြုံးမျက်နှာနဲ့. တိုးညှင်းစွာပြေားရှာတယ်...
"ကာရံ...အားရှိအောင် အိပ်လိုက်ဦးနော်...ကာရံက အူအတတ်ပေါက်လို့ခွဲစိတ်ထာားရတာ...အားရှိဖို့လိုတယိသိလား...ကိုယ်..ကာရံ့ဘေးနားမှာ ရှိနေမယ်..စိတ်မပူနဲ့နော်..."
ကာရံ..ဘာစကားမှမဆိုမိ...အပြုံးလေးနဲ့သာ ဖြည်းဖြည်းလေးခေါင်းကို ငြိပ်ပြပြီး မျက်လုံးများ ပြန်မှိတ်ထားလိုက်ပါတော့တယ်...
(တေယ်ပါသေးရဲ့ ငါ့အသက်ကို ကိုသုတကယ်ခဲ့လို့ပေါ့,...)
................................
သုတတစ်ယောက်အိပ်ပျော်နေပြီဖြစ်တဲ့ ကာရံလေးကို တစ်စိမ့်စိမ့်ကြည့်နေမိတယ်လေ...ကြည့်စမ်းပါဦး..ကာရံလေး ပိန်ပြီးချောင်ကျသွားလိုက်တာ..မသေကောင်းမပျောက်ကောင်းကာရံရယ်....ဘယ်တွေရောက်ပြီး..ဘာတွေလုပ်လို့နေခဲ့တာလဲကွာလို့သာအတွေးထဲရေရွတ်နေမိတယ်...ချစ်တာပေါ့...သိပ်ချစ်တာပေါ့ ကာရံရာ...အချစ်ကို ပထမဦးဆုံးသိချိန်မှာ ကိုယ့်ရဲ့ဘအချစ်ဦးဆိုတာ..မင်းကလွဲ ပြီး ဘယ်သူမှမရှိခဲ့ပါဘူးကာရံရယ်..
သုတ..ကာရံ့ရဲ့ လက်ဖမိုးလေးကို သူ့ပါးမှာအပ်လို့ပွတ်သပ်နမ်းရှိုက်နေရင်း..စိတ်ထဲမှာသာစကားတွေပြောနေမိတယ်..စကားလုံးတွေက အပြင်ကိုညထွက်ကျဖို့အားမရှိခဲ့...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...