ကားလေးကတော့ အရှိန်လေးနဲ့ သွားနေဆဲ....
ညကာရံတစ်ယောက်...ကားတံခါးနားကိုသာ ကျုံ့ကျုံ့လေးကပ်ထားမိတယ်....ကားပေါ်တတ်လာကတည်းက..ခါးပတ်ကိုလည်း..ကိုယ့်ဟာကို အမြန်တပ်ထားမိတယ်လေ...
ကားမောင်းနေတဲ့ မင်းရတုကိုလည်းမကြည့်ရဲ...
သူပုံစံကအရမ်းထူးဆန်းနေတယ်လေ...စကားလုံးတွေကလည်း..ယကြောက်စရာကောင်းနေတယ်...
အခု အပြန်လမ်းဆိုတာလည်း...နှစ်ယောက်တည်းကားစီးလာရတာဆိုတော့...သူပိုကြောက်မိသည်ပဲ...အားချင်းယှဉ်ပြန်ရင်လည်း...ကာရံက..သေးသေးညှက်ညှက်...မင်ူရတုဆိုတာက လူကောင်ထွားထွားရယ်...ဒီကြားထဲ..jym ဆော့ထားပြန်တော့..body type ခြင်း ယှဉ်ရင် အကွာကြိးကွာတယ်လေ..
နေ့လည်က...သူ့ဇစ်အပေါ် လက်တင်ပေးတုန်း သူသတိထားမိတယ်..လူနဲ့ရောလိုက်ပါ့မလားပဲ...တွေးရင်း ကာရံတစ်ယောက် ကြက်သီးပါတဖြန်းဖြန်းထိမိပါရဲ့...သူဘာတွေ ကြံနေမလဲ ကြိုမသိတာမို့. ကျောပိုးအိပ်လေးထဲ လက်ကလေးထည့်ထားပြီး အထဲက ခဲတံချွန်ဓားကို..စုတ်ကိုင်ထားမိတဲ့အဖြစ်...
မသိမသာ ခိုးကြည့်မိတော့...မင်းရတုက ကားကိုသာ မောင်းလို့ ရှေ့ကိုပဲ ကြည့်နေတာမို့ တေယ်ပါသေးရဲ့..ဒါပေမယ့် သူ့အပြုံးကတော့ ကြောက်စရာကောင်းနေသလိုပင်..."အဟက်...ကာရံရာ..ငါ့ကို အဲ့လောက်ကြောက်စရာမလိုပါဘူး...အဟက်ဟက်..."
ကားမောင်းနေရင်းမှ..သူ့ကိုမကြည့်ပဲ ရုတ်တရက် အသံထွက်လာတော့...ကာရံတစ်ယောက် ခန္ဓာကိုယ်လေးတုန်တတ်သွားရသေးတယ်...ဘာပဲ ဖြစ်ဖြစ်ကြောက်တာကကြောက်တာပါပဲ....
ခဏကြာတော့..ကားလေးက ခြံဝင်းထဲ ကွေ့ဝင်လာမှ..ကာရံတစ်ယောက်..လူဆိုးတစ်ယောက်လက်ကလွတ်လာသလိုသက်ပြင်းကို ဟင်းခနဲချမိလိုက်တယ်...
ကားတံခါး ဖွင့်ထွက်ဖို့အလုပ်မှာ မေမေကလဲ..ကသံကြား၍ထင်..ထွက်ကြိုရှာတယ်လေ..."အော်...ကာရံ...မင်ူအထုတ်တွေသိမ်းထား..."
"ခ..ခမ်ာ..."
ဆိုင်းမဆင့် ဗုံမဆင့် အဆက်ဆက်မရှိတဲ့စကားကြောင့်...ကာရံကြောင်သွားပြီး..ရတုကို ကြည့်မိလိုက်တယ်...
မေမေကလဲ.."ဘာဖြသ်လို့လဲသားရတု.."ဆိုပြီးမေမိသွားတဲ့အထိပါပဲ...
YOU ARE READING
NIGHT ( ည) [Complete]
Romanceသူဟာ ကျွန်တော့ရဲ့ ဘဝထဲကို မဖိတ်ခေါ်ပဲ ဝင်လာခဲ့တယ်... ကျွန်တော်သူ့ကို အရမ်းမုန်းတယ်... ဒါကြောင့်...ကျွန်တော်နိုင်တဲ့ သူ့ကိုပဲ ကျွန်တော်နိုပ်စက်ပြီး စိတ်ဖြေခဲ့တယ်.. ကျွန်တော်လူဆိုးတစ်ယောက်ပါ...သူ့အတွက်ပေါ့... ဒါပေမယ့်... သူထွက်သွားချိန်မှာတော့... သူဟာ...