Part-1

4.8K 86 8
                                    

ဒီ​နေ့ဟာ တရုတ်​နိုင်​ငံ၏ နာမည်​အကြီးဆုံး ဝမ်းမျိုးဆက်​၏ တစ်​ဦးတည်း​သော​မြေး Wang Yibo၏ 23နှစ်​ပြည့်​မွေး​နေ့ပွဲ ဒါ​ကြောင့်​Wangစံအိမ်​တော်​တွင်​သတင်းထောက်​များ ဧည့်​သည်​များဖြင့်​ပြည့်​လျက်​....
"အားလုံးပဲ မင်္ဂလာ ရှိ​သောည​နေချမ်း​လေးပါ ဒီ​နေ့က​တော့ ကျွန်​တော်​တို့ ဝမ်​မျိုးဆက်​ရဲ့ တစ်​ဦးတည်း​သော​မြေး​လေးဖြစ်​တဲ့ Wang ဘရန်​ဒီထုတ်​လုပ်​ရေး၏ တစ်​ဦးတည်း​သော CEO Wang Yiboရဲ့ 23နှစ်​ပြည့်​မွေး​နေ့​လေးပါ ဒါ​ကြောင့်​ကျွန်​တော်​Wangဘိုးဘိုး နဲ့ ကြွ​ရောက်​ချီးမြင့်​လာတဲ့ VIPဧည့်​တော်​များ က CEO Wang Yiboကို ဒီရှန်​ပိန်​လေးနဲ့ ဂုဏ်​ပြုလိုက်​ကြရ​အောင်​ကဲအားလုံး ကမ်း​ပေ့​ဖြောင်း..​ဖြောင်း.​ဖြောင်း"
ပတ်​ဝန်းကျင်​တစ်​ခုလုံးလက်​ခုပ်​သြဘာ​ပေးသံများဖြင့်​ပျော်​ရွှင်​လျက်​ဒါမဲ့ထို​ပျော်​ရွှင်​သူများထဲမှ Yiboမပါ မီး​ရောင်​စုံ ဖြိုးဖြိုးဖျက်​ဖျက်​နှင့်​အ​ပေါ်ယံဟန်​ဆောင်​မူ​တွေကြားမှာ သူမ​ပျော်​မွေ့
"ယာယာ ဒီနားလာအုံး"
Yiboသူ့ အတွင်းမူမ​လေးကို​ခေါ်ပီး " ငါ့​အပြင်​ခနသွားလိုက်​အုံးမယ်​တကယ်​လို့ငါ့ကို Wangဘိုးဘိုး​မေးလာရင်​နင်​ကောင်းသလို သားကြည့်​ဖြေလိုက်​"
" ဒါမဲ့Boss ဒါကBossပွဲဆို​တော့ အခုလိုထွက်​သွားတာ မ​ကောင်းဘူးထင်​တယ်​Wang ဘိုးဘိုးသိ သွားရင်​လည်းစိတ်​ဆိုး​နေလိမ့်​မယ် ပီး​တော့ interviewမဲ့ သူ​တွေကလည်​စောင့်​နေတာဆို​တော့​လေ"
ရိ​ပေါ်ခုမှ စိတ်​တွေပိုရူပ်​လာသည်​သူ့ဘဝက သူလုပ်​ချင်​တာ မှန်​သမှ ကို ကိုယ့်​စိတ်​ကြိုက်​လုပ်​ခွင့်​မရခဲ့​ပေ ခုလည်း သူဒီမှာ လုံးဝဆက်​မ​နေလို​တော့
"ယာယာ နင်​က ငါ့အလုပ်​သမား အဲ့​တော့ ငါခိုင်းတာပဲလုပ်​ပါ အဲ့ထက်​ပိုပီးလျှာ မရှည်​ချင်​စမ်းနဲ့ နင်​ငါ​ပြောတာ နားလည်လား "
"ဟုတ်​ကဲ့ပါBoss"
"​တောက်​(စ်​) ...... "
Yiboသူကိုဆရာလုပ်​ကာ လျှာ​ကြောရှည်​နေ​သော အတွင်း​ရေးမှူးကို စိတ်​တိုတိုနှင့်​တောက်​(စ်​) တချက်​ခေါက်​ကာထွက်​လာခဲ့ သည်
Yibo၏ အတွင်း​ရေးမှူးဖြစ်​သော ယာယာ မှာ​တော့
"ဟွန်း ..ဒီကသူ​ကောင်းဖို့လည်း​ပြော ရ​သေးတယ်​ဒါကိုသူကတပြန်​ကြီးစိတ်ဆိုး ရတယ်​လို့ပဲ"
"ခုချိန်​Wangဘိုးဘိုးသာ Boss မရှိမှန်းသိရင်​ဟောဒီကယာယာကပဲအကျိမ်း​တော်​ခံရအုံးမယ်​"
" ဟူး Wang Yiboရဲ့ အတွင်း​ရေးမှူးလုပ်​ရတာ မလွယ်​ပါလား​နော်​...."
Yiboစိတ်​တွေတအား ရူပ်​လာသည်​မို့ ကိုယ်​ရံ​တော်​များကို ပွဲတွင်​ထားခဲ့ပီး မြို့ပြင်​သို့​တစ်​ယောက်​ထဲကား​မောင်းထွက်​လာခဲ့​လေသည်
ထိုအချိန်​တွင်​သူ့ကား​နောက်​တွင်​ဆိုင်​ကယ်​5စီးခန့်​လိုက်​ပါလာကို Yibo သတိထားမိသည်​ဒီဆိုင်​ကယ်​တွေကသူ ပွဲကထွက်​လာထဲကပါ လာမှန်းသူသိ​ပေမဲ့​ကားကို အရှိန်​ပြင်းပြင်း ဖြင့်​သာမောင်းနှင်​လာခဲ့သည်
Yiboကားမြို့ပြင်​ရောက်သည်​ထိ သူ့ကား​နောက်​တွင်​ထိုဆိုင်​ကယ်​5စီးကလိုက်​ပါလာမြဲသာYiboဆက်​ရန်​Phoneရှာ​တော့Phoneက ပွဲတွင်​ကျန်​ခဲ့
"အာ..Fuckပဲကွာ....." Yiboကားမြို့ပြင်​တဝက်​ရောက်​တော့ ထိုဆိုင်​ကယ်​5စီးထဲမှ​ရှေ့ဆုံးဆိုင်​ကယ်​မှလူက Yibo၏ကားဘီးကို​သေနတ်​ဖြင် နှစ်​ချက်​ဆင့်​ပစ်​လိုက်​လေသည်
"ဒိုင်း..ဒိုင်း .. "
" အား ..ချီးပဲ ကားဘီး​ပေါက်​သွားပီထင်​တယ်​ဟ "
Yiboကားဘီး​ပေါက်​သွား​တော့​ကားကိုအရှိန်​ထိန်းလို့မရ​တော့​ပေ​နောက်​ဆုံးတွင်​ကားကအရှိန်​မထိန်းနိုင်​တော့ပဲ လမ်းဘေးတွင်​ရှိ​သော​ချောက်​ထဲသို့ထိုးကျသွား ခဲ့​လေသည်
" အား......​ဒုန်း..ခွမ်း....."

ချစ်​ခြင်းအပြိုင်​    (Complete)Where stories live. Discover now