Part3

1.2K 63 3
                                    

      Yiboနိုးလာ​တော့သူဘယ်​နေရာ​ရောက်​နေမှန်းသူမသိ
        အမှန်​တော့ Yiboသူ့ကား​ချောက်​ထဲမ ကျခင်​အပြင်​သို့ခုန်​ထွက်​လိုက်​ပေမဲ့ အရှိန်​လွန်​ပီး​ချောက်​ထဲသို့လိမ့်​ကျသွား​လေသည်​ကားက​တော့​ချောက်​ထဲမှာ​ပေါက်​ကွဲသွား​ပေ မဲ့Yiboက​တော့​ချောက်​ကမ်းပါး​ဘေးတွင်​လှိမ့်​ကျသွား​သောအရှိန်​ကြောင့်​ကျောက်​တုံးနှင့်​ဦး​ခေါင်းကို​စောင့်​မိသွား​ခဲ့လေသည်
           "အား ..ကျွတ်​ကျွတ်​"
       Yibo​ခေါင်းက​သွေးထွက်​နေ​သော​နေရာ​ကိုစမ်းကာ အစိမ်းသက်​သက်​ဖြစ်​နေ​သော ပတ်​ဝန်းကျင်​ကို  စူးစမ်း​နေရင်းဖြင့်​....သူ​ရုတ်​တရက်​သူ စဉ်းစားမိလိုက်​သည်​က ..
       "ငါ ..ငါ..ကဘယ်​သူလဲ"
        "ပီး​တော့..ဒါက​ဘယ်​နေရာလဲ ငါက​ရော ဒီ​နေကိုဘယ်​လို လုပ်​ရောက်​လာရတာလဲ"
            Yibo​စဉ်းစား​နေရင်း ခေါင်း​တွေ တစစ်​စစ်​ကိုက်​တက်​လာသည်
           "ဟာကွာ..ငါဘာမှမသိ​တော့ဘူး ဘာမှလည်းမစဉ်းစားတတ်​တော့ဘူး.."
           "​တော်​ပီ ငါအခု​ချောက်​ကမ်းပါး​ပေါ်ကို တက်​ဖို့အရင်​လုပ်​မယ်​"
           "​နောက်​မှ ငါဘယ်​သူဆိုတာကို စဉ်းစားရမယ်​..ဟုတ်​တယ်​"
           Yibo​ချောက်​ကမ်းပါးအ​ပေါ်ကို မရမက ကုတ်တွယ်​တက်​ရင်း​နောက်​ဆုံး​ကျောက်​ကမ်းပါး ထိပ်​သို့​ရောက်​ရှိသွား​လေသည်
        "ဟူး...​မောလိုက်​တာကွာ   ဒီ​နေရာမှာ​ရေ​လေးတ​ပေါက်​လောက်​တိုက်​မဲ့သူရှိရင်​သိပ်​ကောင်းမှာပဲ.."
        "​ရော့ ...​ရေ​သောက်​ချင်​လို့လား"
        Yibo သူ့​နောက်​မှထွက်​ပေါ်လာ​သော အသံ​လေးတစ်​သံကို ရုတ်​တရက်​ဆိုသလို လှည့်​ကြည့်​လိုက်​မိသည်
        "OMG....ဒါအရူးတစ်​ယောက်​လား.."
      Yiboရုတ်​တရက်​လှည့်​ကြည့်​လိုက်​မိ​တော့​ထိုလူက အဖာ​ပေါင်း​သောင်း​ခြောက်​ထောင်​ရှိ​နေတဲ့ခြုံထည်​တစ်​ထည်​ကို ညိုမိုင်းမိုင်း ဂျီးအလိပ်​လိပ်​တက်​နေ​သော ချီ​ဘောင်းဘီတစ်​ထည်​ဖြင့်​တွဲဖက်​ဝတ်​ဆင်​လျက်​မျက်​နှာတွင်​မဲညစ်​ညစ်​အရာများလည်း​ပေကျံလျက်
    Xiao Zhan သူ့ သူငယ်​ချင်းနဲ့လူစုကွဲပီး ဒီ​နေရာကို မျက်​စေ့လည်​လာမိသည်
       ဒါမဲ့သူ​ဒီ​နေရာ​ရောက်​တော့​ချောက်​ကမ်းပါး​ဘေးမှာ လူတ​ယောက်​က​ချွေး​တြွေပန်​ပီ အရမ်း​မော​နေတာမြင်​ရ​တော့​Zhan Zhanလဲ လက်​ထဲကကိုင်​ထားတဲ့​ရေဗူး​လေးကို​ရော့ ဆိုပီး​သူ့​ရှေ့ထိုး​ပေးလိုက်​သည်
            "မယူ ..မယူဘူး .."Yiboသူ့​ရှေ့တွင်​ထိုအရူး​ပေး​သော​ရေဗူးကို လက်​နဲ့ ခါထုတ်​ပစ်​လိုက်​သည်
            "ခင်​ဗျား..ဒါဘာလုပ်​တာလဲ ကျွန်​တော်​က​စေတနာနဲ့ ခင်​ဗျား​မော​နေတာမြင်​တော့​ရေလာတိုက်​တာကို "
            "ခင်​ဗျားက​ကျွန့်​တော့်​ရေဗူးကို ခါထုတ်​ပစ်​တယ်​ခင်​ဗျားက​တော်​တော်​လေး​ကျေးဇူးမသိတတ်​တဲ့သူပဲ..."
             Xiao Zhan သူ့​ရှေ့ကလူကို လက်​ငြိုး​ငေါက်​ငေါက်​ထိုးပီး ရန်​တွေ့ပစ်​လိုက်​သည်​"
         Yiboသူ့ကို ကတ်​ကတ်​လန်​ရန်​တွေ့​နေ​သော အရူး​ကို ဂုတ်​က​နေဆွဲပီး​ချောက်​ထဲပစ်​ချချင်​တဲ့စိတ်​တွေ​ပေါက်​လာသည်
         "ဒီမှာ အရူး​ကောင်​....မင်းငါ့ကို မိန်းမကြီးလို ကတ်​ကတ်​လန်​ရန်​တွေ့ မ​နေစမ်းနဲ့.."
          "ခန​လေးပါ ခန​လေးပါ ခင်​ဗျားဘယ်​သူ့ကို အရူးလို့လာ​ပြော​နေရတာလဲ"
          "ဟား  ဟား  ဟား ...အရူးဆိုမှ​တော့ ငါ့ကိုငါ​ပြော​နေတာဖြစ်​မလား အရူး​ကောင်​ရဲ့ မင်းကို​ပြော​နေတာ​ပေါ့ကွ   "
           "ဘာ ခင်​ဗျားက ကျွန်​တော့ကို အရူးလို့​ပြောရဲတယ်​..."
          " ဒီမှာ ကျွန်​တော်​က အရူးမဟုတ်​ဘူးဗျ ..ခင်​ဗျားကသာရူး​နေတာ "
           "ခင်​ဗျားက ..ကိုယ့်​ကို​ရေလာတိုက်​တဲ့သူကို​ကျေးဇူးမတင်​တဲ့အပြင်​ဖင်​ကြီးပါ​ပြောင်​အောင်​ပြန်​လှန်​ပြ​နေတဲ့အရူးကြီး.."
            "မင်း..မင်းကများငါ့ကို အရူးလို့တပြန်​ကြီး​ပြောရဲတယ်​ပေါ့.." "ဟုတ်​တယ်​ပြောရဲတယ်​တယ်​ဗျာ..အဲ့​တော့ဘာဖြစ်​လဲ.."
           "​ဟား ဟား ဘာဖြစ်​လဲဟုတ်​လား.."
         "ကဲဟာ...အ...." 
          Yiboထိုအရူးကို​စောင့်​တွန်းပစ်​လိုက်​ပီး​နောက်​ကိုပြန်​လှည့်​မကြည့်​ပဲ ထွက်​လာခဲ့သည်
        "ခင်​ဗျား..ခင်​ဗျားကြီး ကျွန်​တော့ကို တွန်းတယ်​"
        "ကျွန်​တော်​ခင်​ဗျားကို သတ်​မယ်​..ကျွန်​တော်​ခင်​ဗျားကိုသတ်​မယ်​"
         Yiboသူ့​နောက်​တွင်​အော်​ကြီးဟစ်​ကျယ်​နဲ့ကျန်​ခဲ့​သော အရူးကို တဟားဟားရီ ကာထွက်​လာခဲ့​သည်​.........                         
                     ☺☺

ချစ်​ခြင်းအပြိုင်​    (Complete)Where stories live. Discover now