VVIP❣️"ကိုနိုင် စားလေ ဘာလိုက်ကြည့်နေတာလဲ"
"သစ်ကူး ငါကြည့်တဲ့ဘက်လိုက်မကြည့်နဲ့ မြန်မြန်စားပြီးရင်သွားရအောင်"
"ဘာမို့လဲ"
"အော် မကြည့်ပါနဲ့ဆိုကွာ"
ကိုနိုင်ကသစ်ကူးမျက်နှာကိုဆွဲကာရှေ့ပြန်လှည့်ခိုင်းသည်။
မလုပ်နဲ့ဆိုတာကိုလုပ်ချင်တာလူ့သဘာဝလေ။
သစ်ကူးလဲ ကိုနိုင့်လက်ကိုရိုက်ချကာ လှည့်ကြည့်လိုက်သည်။ဘဲကြီးနဲ့ကောင်လေးငယ်ငယ်တစ်ယောက်။
"အော် ဘာများလဲလို့ ကိုနိုင်ရာ အထူးမဆန်းလုပ်လို့"
"ဟမ် မင်းဘာမှမခံစားရဘူးလား"
"ကျနော်ကဘာခံစားရမှာတုန်း
ဒါငါ့လင်ကွဆိုပြီး သွားဆွဲထိုးရမှာလား
စောက်ရူးလုပ်ရပ်တွေ"သစ်ကူအေးအေးဆေးဆေးပင် နေ့လည်စာစားလိုက်သည်။
ဒါသစ်ကူးရိုက်ကွင်းနဲ့နီးတဲ့စားသောက်ဆိုင်။
တိုက်ဆိုင်ပြီးရောက်လာတာ မဟုတ်မှန်းသစ်ကူးသိသည်။ကိုနိုင်ကတော့ ထမင်းတောင်ဖြောင့်ဖြောင့်မစားနိုင်
သစ်ကူးကိုသာဂရုတစိုက်လိုက်ကြည့်နေသည်။"ကိုနိုင် ထမင်းအေးဆေးစား ကျနော့်ကဘာမှမဖြစ်ဘူး
အဲ့ဘဲစောက်ကျင့်က အရင်ကတည်းကအဲ့အတိုင်းပဲလေ
ခင်ဗျားပိုသိမှာပါ""အေးပါကွာ မင်းအဆင်ပြေရင်ပြီးတာပဲ"
"အဆင်မပြေစရာမရှိဘူး
အချိန်တန်ကွာရှင်းမှာ ကိုယ့်ဘဝနဲ့ကိုယ်ပဲ"ကိုနိုင်ကတော့ သစ်ကူးကိုပါးစပ်အဟောင်းသားကြည့်နေသည်။
ဘေးကပ်ရက်မှာ ပလူးနေသည့် ဘဲကြီးက သစ်ကူးကိုအခုမှမြင်ဟန်ဖြင့် အားတုံ့အားနာကြည့်သည်။
သစ်ကူးလဲ ခပ်ချေချေပင်ပြန်ကြည့်ပေးလိုက်သည်။ကောင်လေးက ဘဲကြီးကို မုန့်ခွံ့ကျွေးသည်။
ဘဲကြီးက ကောင်လေးဆံပင်တွေကို ယုယုယယသပ်ပေးနေသည်။"ကိုကို စားပြီးရင် ဘေဘီ့ကိုရုပ်ရှင်လိုက်ပြနော်"
"အင်း ဘေဘီကြည့်ချင်တဲ့ရုပ်ရှင်ပြော
ကိုယ်လက်မှတ်ကြိုမှာထားပေးမယ်"