VVIP💕သစ်ကူး အိပ်ယာနိုးတော့ ဗိုက်ဆာလာတာကြောင့် ဘဲကြီးနိုးသည်အထိမစောင့်တော့။
လူကသာမနိုးသေးတာ မြွေကနိုးနေပြီ။
အဟုတ်ကို ဖနောင့်နဲ့ပေါက်ပစ်လိုက်ရ မကောင်းရှိအုံးမယ်။ဘီဒိုထဲက ဘဲကြီးအကျီ င်္တစ်ထည်ထုတ်ဝတ်ကာ အောက်ဆင်းလာခဲ့သည်။
ယောကျာ်းလေးတွေချည်းပဲမို့ အတွင်းခံမပါလဲဘာမှဖြစ်ဘူး။
အကုန်လုံး ဒါချည်းပဲဟုတ်ဘူးလား။"ဝါး……လင်ရမှ ကောင်းကောင်းကို မအိပ်ရဘူး
ဗိုက်ကလဲဆာလိုက်တာ""အား……အမလေး သရဲဗျ"
"ဟင် သရဲ ဘယ်မှာတုန်း"
"အား……မလာနဲ့ သရဲ သွား သွား သရဲ"
စားပွဲပေါ်တက်ကာ စွေ့စွေ့ခုန်နေသော အကိုသစ်ကူးကြောင့်
ဇေယျကြောင်သွားရသည်။
သူပဲသရဲဆိုလို့ ဘယ်မှာလဲမေးတာကို မလာနဲ့ဆိုပဲ။
ဒီထမင်းစားခန်းမှာ သူနဲ့ကိုယ်နှစ်ယောက်ရှိတာကို ဘယ်မှာတုန်းသရဲ။Lol ငါ့ပြောတာဟ။
သောက်ခွေး ဒီလောက်ချောတဲ့လူကို သရဲပြောတာ အကိုနှစ်ကူး မျက်လုံးများပျက်သွားတာလား။
နေ့ခင်းဘက်တောင်ရောက်နေပြီ လူမှန်းငရဲမှန်းမကွဲတော့ဘူးပဲ။
သနားစရာကောင်းလိုက်တာ ယောကျာ်းရမှ စုံလုံးကန်းသွားရတယ်လို့။
အဲ့ဒါပြောတာ သားသမီးယုံစုံလုံးကန်းတဲ့🙄ကျွတ်……ကျွတ်……။"အကိုသစ်ကူး ကျနော် ကျနော်
သေချာကြည့်အုံး""ဟမ် ဇေယျ"
"ဟုတ်တယ်"
"မင်းကလဲကွာ သရဲကျလို့"
"ကျနော်ကဘယ်လိုဖြစ်နေလို့လန့်နေရတာတုန်း
ဒီလောက်ချောတာကို""အဲ့ချောတဲ့ရုပ်က ငါ့မြင်ပြီးထွက်ပြေးသွားတာနေမှာပေါ့
အခုကြည့်အုံး မျက်ကွင်းကလဲ မဲလို့ ဇွန်ဘီကျနေရော""ဟုတ်လား ညကျနော်တစ်ညလုံးမအိပ်ရဘူးဗျာ"
"တစ်ညလုံးမအိပ်ဘဲမင်းကဘာလုပ်နေတာမို့တုန်း"
လာသေးသူကတစ်ပြန်စီး။
ဘာမှမလုပ်တဲ့သူ အိပ်မရအောင်လုပ်နေကြတာကဘယ်သူတွေမို့တုန်း။