VVIP❣️အိမ်ရောက်သည်နှင့် မာန်ကားပေါ်က အမြန်ဆင်းလိုက်သည်။
အိမ်ထဲဝင်တော့မည့် အလှလေးလက်ကိုဖမ်းဆွဲထားတော့"ဘာလုပ်တာတုန်း ဖြတ်ရိုက်လိုက်ရ"
"ဘာမှမလုပ်ပါဘူး စေတနာနဲ့ပြောမလို့"
"ဘာတုန်း"
"အိမ်စောင့်နတ်က ဆဲတက်တဲ့လူတွေအဝင်မခံဘူးတဲ့
ပြောနေတာ မကြားဘူးမို့လား""ခင်ဗျားလို မကောင်းတာလုပ်နေတဲ့လူကိုလဲ
ုငယ်ထိပ်ဖနောင့်နဲ့ပေါက်မယ်တဲ့ ပြောတာကြားလား
ပြောင်စရာမရှိ သောက်ခွက်လာပြောင်နေတယ်""အွတ်…သေပါပြီ"
ရင်ဘတ်စောင့်တွန်းလိုက်တာမို့
ကားနဲ့ကျောနဲ့သွားစောင့်တာ အွတ်ခနဲ။
လင်ကိုသနားရကောင်းမှန်းမသိတဲ့ အလှလေး။
ဒီအယိုင်းအစိုင်းလေးကို ဘယ်စိတ်နဲ့များချစ်ခဲ့မိပါလိမ့်။"အမ် တံခါးကဘာဖြစ်တာလဲ
ပျက်သွားတာလားဟ"မာန်အခန်းတံခါးဖွင့်တော့ မရ။
စောစောကလေးတင် အလှလေးဝင်သွားပြီကို။"ကူးရေ……ကူး……"
"ကူးချင်ရင် ရေကူးကန်သွား"
အေး လုပ်နေလိုက် သောက်ကောင်လေး။
အခန်းထဲရောက်မှ ခုန်အုပ်ပစ်အုံးမယ်။"ကူး တံခါးဖွင့်အုံး
ကိုယ်အဝတ်စားလဲချင်လို့"ဘာသံမှလဲပြန်မကြားသလို တံခါးလဲလာဖွင့်မပေး။
ဒီအတိုင်း အခန်းပြင်မှာ အိပ်လိုက်ရတော့မှာလား။"ရော့ အဝတ်စား အခန်းထဲခြေချဖို့တောင် မစဉ်းစားနဲ့
အပြင်မှာအိပ်""ဂျိမ်း"
ဘာများတက်နိုင်သေးလဲ။
သိကြားမင်းမိုးချိမ်းတာတောင် အလှလေး တံခါးပိတ်တဲ့အသံလောက်မကျယ်ဘူး။
ဘယ်ကျယ်မှာတုန်း သိကြားမင်းက သူ့မိန်းမတွေကြောက်လို့ အီးတောင်ကျယ်ကျယ်မပေါက်ရဲဘူး။🤭"ကြံစမ်း……ကြံစမ်း အလှလေးအနားကိုဘယ်လိုကပ်ရမလဲ"
"Boss"
"ဟမ် အော် ဇေယျ"
"Bossနဲ့ကိုသစ်ကူး
ညနေစာစားရအောင်လာခေါ်တာ
ကျနော်ချက်ပေးထားတယ်"