Part 35

32.6K 2.5K 72
                                    

VVIP💕

"သစ်ကူး မနက်ဖြန် မင်းမမ မင်္ဂလာပွဲနော်"

"အင်း"

"အသံကြီးကလဲကွာ ဘာလဲ ခွက်ရှ်ကိုနှမြောနေတာလား"

"မဟုတ်ပါဘူးကွာ ဒီတိုင်းငါတွေးစရာတွေများနေလို့ပါ
ကိုနိုင်နဲ့မမကိစ္စငါ့စိတ်ထဲဘာမှမရှိဘူး"

"လက်ဖွဲ့ဘာပေးရင်ကောင်းမလဲ"

"မင်းဟာမင်းဘာပေးပေး
မင်းကျရင်တော့ ငါကဘာမှမပေးဘူး"

"ဟ ရမလားကွ မင်းမင်္ဂလာဆောင်တုန်းက
ငါလက်ဖွဲ့ရတယ်လေ"

"လိမ်မနေနဲ့ မင်းကပ်စီးနဲပြီး ဘာမှမပေးတာငါသိတယ်
ငါ့ဘဲကြီးက မင်းတို့အတွက်ကုန်ထားတာမနည်းဘူးနော်သေနာလေး ဟိုဟာလိုချင်ဒီဟာလိုချင်နဲ့"

"သူငယ်ချင်းကလဲ ငါကမင်းစီကအမှတ်တရလေးလိုချင်လို့ကို"

"ရွံစရာကောင်းလိုက်တာ ဘယ်လိုတွေလာပွတ်နေတာလဲ"

"အဟီး မင်းရင်ဘတ်က ကိုဇွဲရင်ဘတ်လို ပွတ်လို့လဲမကောင်းဘူး"

"အော် မင်းလင်လိုပွတ်ကောင်းရင် ဆက်ပွတ်နေအုံးမယ်ပေါ့"

"ဒါပေါ့ ကိုဇွဲရင်ဘတ်ဆို အဖုအထစ်တွေနဲ့ အဟိ ပွတ်လို့ကောင်းလိုက်တာ"

"ငါ့စီမှာလဲ ပွတ်လို့ကောင်းတာရှိပါတယ်
မင်းပွတ်ကြည့်မလား ပြီးမှ လက်မလွှတ်ချင်တောင်ဖြစ်သွားမယ်"

"ငလူးကောင် ညစ်ပတ်လိုက်တာ"

"ငါကဘာပြောလို့လဲ နှဖူးပွတ်လို့ရတယ်ပြောတာကို"

"ဟုတ်ပ ဟုတ်ပ မင်းသောက်ကျင့်ငါကမသိတာဆိုတော့"

"ဝေယံ"

"ဘာတုန်း အဲ့မျက်နှာက"

"ငါလေးလေးနက်နက်ပေးစရာရှိတယ်
သေချာဖြေ"

"မေး"

"ငါက တကယ်ပဲ အရင်ကအရမ်းရှုပ်တဲ့ပုံပေါက်သလား"

"မင်းကလဲ မင်းဘယ်လောက် ရေပန်းစားလဲတစ်လောကလုံးအသိ
မိန်းကလေးတွေရဲ့အိပ်မက်မင်းသားကမင်းပဲလေ
မင်းတွဲသမျှကလဲ ဒိတ်တွေချည်းပဲမို့
ပျက်သွားတော့လဲ လူသိရှင်ကြား မင်းတို့က နှစ်ဦးနှစ်ဘက်အဆင်ပြေပြေလမ်းခွဲလိုက်ကြပေမဲ့ အများအမြင်မှာကျ မင်းကပွေရှုပ်တဲ့သူဖြစ်သွားတာပေါ့ကွာ ဘာလဲယောက္ခမကပြောတော့ ရည်းစားတွေထားခဲ့တာ နောင်တရလို့လား"

🔥VVIP🔥 (Completed)Tempat cerita menjadi hidup. Temukan sekarang