Zawgyi
"အာ..ဟုတ်တယ် ဆရာမှားသွားတာ။
ဒါက ဒီလိုလေ "အမှန်ခြစ်ပေးထားတဲ့ သချာင်္ပုစ္ဆာအမှားကို
ပြန်ပြင်ပေးနေတဲ့ ဆရာရှောင်းက ဒီကနေ့
အပြာနုရောင်လက်ရှည်လေးနဲ့ ။ဆံပင်တွေကို လှန်သိမ်းထားပြီး ခေါင်းလိမ်းဆီ
တစ်မျိုးသုံးထားလားတော့ မသိ ။
ရိပေါ်ခုံမှာ ခေါင်းငုံ့ပြီးစာရှင်းပြနေတာမလို့
အနံ့သင်းသင်းလေးတော့ ရနေတယ် ။
ဘာအနံ့မှန်းတော့မသိဘူး တစ်မျိုးလေးပဲ ။"ဆရာ မျက်မှန်ပါဝါတိုးရတော့မယ်
ထင်တယ်နော်"ဘေးမှာ ဝိုင်းပြီးနားထောင်နေကြတဲ့
အတန်းဖော်သူငယ်ချင်းအုပ်စုတွေထဲက
တစ်ယောက်က ပြောလိုက်ခြင်းဖြစ်တယ် ။
မျက်လုံးတွေမှိတ်ကျတဲ့အထိ ပြုံးရယ်လိုက်တဲ့
ဆရာရှောင်းကတော့ မျက်မှန်ကိုချွတ်ပြီး
စစ်ဆေးသလို ကြည့်နေပြန်သေးတာ ။အမြဲတမ်းပြုံးပဲ ပြုံးနိုင်လွန်းတဲ့
ဆရာက ဘယ်လိုလူစားမျိုးလဲဆိုတာ
ရိပေါ် သိချင်မိတယ် ။ ဥပမာပြောရရင်
သဘောကောင်းတာလား ဒါမှမဟုတ်
သဘောကောင်းချင်ယောင်ဆောင်နေတာများ
လား ဆိုတာမျိုးပေါ့ ။နောက်တော့ ဆရာရှောင်းက ကျောက်သင်ပုန်းမှာ
ပုစ္ဆာတစ်ပုဒ်သွားရေးတယ်။အရင်ဆုံးမှန်တဲ့သူ
ငါးယောက်ကို ဆုချမယ်တဲ့။ဒီသင်္ချာဆရာက
တကယ်ကို အပေးအယူနဲ့။အတန်းဖော်တွေကတော့ ပြောပါရဲ့ ။
ဆရာရှောင်းပြောင်းလာပြီးကတည်းက
သင်္ချာအချိန်တွေဟာ ပျော်ဖို့ကောင်းလာတယ်
ဆိုပဲ ။ ရိပေါ်အတွက်တော့ ပုံမှန်ပါပဲ ။
ဘာမှ မထူးခြားဘူး ။တွက်လက်စ ပုစ္ဆာကို အဆုံးသတ်ပြီး
ဆရာ့ဆီ ရဲရဲတင်းတင်းပဲ သွားပြတယ် ။
အဖြေမှန်လား၊မှားလား မသိရသေးဘူး။ရတဲ့ဆုက
ချောကလက်အတောင့်လေးတစ်ခု ..
ပြီးတော့ အပြုံးတစ်ပွင့် ။ပြန်ပေးလာတဲ့စာအုပ်ပေါ်က ပုစ္ဆာမှာတော့
အမှားခြစ်တစ်ခုနဲ့ ..
လက်မှတ်ကလေးတောင် ပါသေး ။
အစက်ကလေးသုံးစက်နှင့် အသဲပုံလေးဟာ
အဆစ်ပေးသတဲ့ ။
YOU ARE READING
𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]
Fanfictionဘယ်ဆီကို ဦးတည်ဦးတည် မင်းရှေ့ကိုပဲ ရောက်လာတတ်တဲ့ ခြေလှမ်းတိုင်းက ... မင်းအပေါ် ဘယ်လောက်ထိ တိမ်းညွတ်နေမိကြောင်း သက်သေတွေ ။ ♫︎ ချစ်နေဖို့ ♫︎ Story cover by @TulipTulip065 Start Date : [ Aug 20 , 2020 ] End Date : [ Nov 8 , 2020 ]