4

7K 953 55
                                    

Zawgyi

ခုလေးတင် ဖြစ်ပျက်သွားတဲ့
အခြေအနေတွေဟာ ဒရမ်မာဆန်ဆန်ပဲ။
ဆရာရှောင်းရင်ခွင်ထဲကိုမှ တည့်တည့်ကြီး
ဝင်တိုးမိတဲ့ ရိပေါ်က ပြန့်ကျဲသွားတဲ့
စာရွက်တွေကို ကောက်မပေးနိုင်သေးဘူး။

လက်သီးနှစ်ဖက်ကို ကျစ်နေအောင်
ဆုပ်လို့ မျက်လုံးကြီးမှိတ်ပြီး ရပ်နေတုန်းပဲ။
ရိပေါ်ရဲ့ခါးမှာရစ်တွယ်နေတဲ့ လက်တွေကတော့
ဒါနဲ့ဆို နှစ်ခါရှိပြီ.....။လဲကျမသွားဖို့
ထိန်းပေးထားတာပဲ ဖြစ်မှာဆိုပေမယ့်
နှစ်ခါတိတိရှိနေပြီ။

"အရေးကြီးကိစ္စရှိလို့လား ရိပေါ်?"

ဆရာရှောင်းက လူချင်းခွာပေးမှ မျက်လုံး
တစ်ဖက်ကို ဖွင့်လိုက်ရင်း ပတ်ဝန်းကျင်ကို
စူးစမ်းလိုက်တယ်။ဒီအခြေအနေကို မြင်တဲ့သူ
ရှိမရှိ။တိုက်တိုက်ဆိုင်ဆိုင် ရောက်ဖို့
သိပ်မလိုတော့တဲ့ ရုံးခန်းပေါက်ကနေ
ခါးထောက်ပြီး ကြည့်နေတဲ့ ကျောင်းအုပ်ကြီး
ကို တွေ့လိုက်ရတယ်။ o.o

ကမန်းကတန်းပဲ ဆရာရှောင်းကို စာရွက်
တွေ ကူကောက်ပေးနေရင်း...

"ကျွန်တော် သူငယ်ချင်းတွေနဲ့
ပြန်လိုက်သွားမလို့ အဲ့ဒါ လာပြောတာပါ။
အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး"

"ဆယ်မိနစ်လောက်ပဲ စောင့်ပေးလို့ရလား?
ဒါလေး လက်စသတ်ပြီးရင် အတူတူ
ပြန်လို့ရပြီ။ပြီးတော့ ကျောင်းဆင်းဖို့လည်း
လိုသေးတယ်မလား"

ဆရာရှောင်းက တစ်စုတစ်စည်းတည်း
ပြန်ဖြစ်သွားတဲ့ စာရွက်တွေကို မြှောက်ပြရင်း
ပြောနေတုန်း... အချိန်ကိုက်မြည်လာတဲ့
ခေါင်းလောင်းသံကြောင့် နည်းနည်းလောက်
ရှက်ကိုးရှက်ကန်း ဖြစ်သွားစေဖို့
မျှော်လင့်ပေမယ့်.....

"အိမ်ကို တန်းနေအောင်ပြန်မှာ
သေချာလား?"

"ဟုတ် သေချာပါတယ်"

ပြန်ဖြေလိုက်တဲ့ ရိပေါ်အသံက တုန်ရီစွာ။
လိမ်နေကျမဟုတ်လို့ ဖြစ်မယ်...
သူ့မှာ ကြောက်ကြောက်လန့်လန့်ပဲ။
ဒါမှမဟုတ် သူ့ကို ဘယ်သူကမှ
ဒီလိုမမေးဖူးတာကြောင့်လဲ ဖြစ်ပါလိမ့်မယ်။

"ဘယ်သူနဲ့လဲ? ယွီပင်းလား"

"ဟုတ်။Bခန်းက ကျိုးချန်ရော"

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now