8

6.7K 887 39
                                    

Zawgyi

မင်းဆိုတဲ့ ပုစ္ဆာလေးက

အဖြေမရှိသေးတာ မဟုတ်ဘူး...

ကိုယ့်အဖြေက မင်းဖြစ်နေတာ ။

:
:
:

"ဆိုတော့ ဆရာရှောင်းပြောပေးလို့
မင်းမေမေက ဘောလုံးပွဲကြည့်ဖို့ ခွင့်ပြုပေး
လိုက်တယ်ပေါ့"

ခုံပေါ်မှာ မှောက်အိပ်နေတဲ့ရိပေါ်ကို
အတင်းဆွဲထူရင်း မေးလာတဲ့ ကျိုးချန်အသံက
တစ်ခန်းလုံးကြားဖို့ လုံလောက်တယ်။
တော်သေးတာက ဆရာမ မဝင်သေးလို့
စကားသံတွေနှင့်ဆူညံနေခြင်းကြောင့်
ရိပေါ်တို့ဆီ ဘယ်သူမှအာရုံမရှိကြ။

ကိစ္စက ဘေးမှာထိုင်တဲ့ ယွီပင်းကို
ပြောလိုက်မိရာမှ စတယ်။ဘောလုံးကွင်းထဲက
နေ ပြန်လာတဲ့ ကျိုးချန်က ယွီပင်းကနေ
တဆင့်ပြန်သိပြီးမှ မေးလာခြင်း။ သူ
စကားမပြန်မချင်း ဘေးမှာအတောင့်လိုက်ကြီး
ရပ်နေပြီး လူကို အကဲခတ်သလိုလည်း
လာကြည့်နေသေးတာ။တကယ်ပါပဲ။

ခေါင်းညိမ့်ပြီး ကျောက်သင်ပုန်းကို
စိုက်ကြည့်နေလိုက်တယ်။ ပြုံးပြနေတဲ့
ဆရာရှောင်းမျက်နှာကြီး ပေါ်လာတာက
ရှင်းရှင်းလင်းလင်း။

မနက်ဖြန်မှာ ကျင်းပမယ့် အားကစားပြိုင်ပွဲ
အကြောင်း တွေးမိသွားလို့ ဖြစ်မယ်။
တဆက်တည်း ကျောပိုးလွယ်အိတ်ထဲက
နဖူးစည်းလေးကို  လှမ်းစမ်းကြည့်ပြီး
ပြုံးမိပေမယ့် သူ့ကို စူးစမ်းနေတဲ့
ဟိုနှစ်ယောက်ကြောင့် ဘာမှမဖြစ်သလို
ရုပ်ပြန်တည်ရတယ်။

အတွေးတစ်ခုဟာ ချစ်ဖို့လည်းကောင်းသလို၊
ရှက်စရာလည်း ကောင်းတယ်။
လုပ်ယူမထားတဲ့ ပျော်ရွှင်မှုတွေကြောင့်
လူက အမြဲပြုံးမိနေတယ်။

ဒီလိုနဲ့ပဲ...
လူမိမှာကြောက်လို့
ပြုံးလိုက်တည်လိုက်လုပ်နေရတဲ့ ရိပေါ်ဟာ
တစ်ယောက်တည်း အနေအထိုင်တွေမတတ်၊
ကမ္ဘာတွေပျက်လို့ ..။

:
:
:

ရိပေါ်တို့အရွယ်က အရိုက်ခံရတော့မယ့်
အရွယ်မဟုတ်ဘူးလို့ သမိုင်းဆရာမက
ခဏခဏပြောတယ်။ပြီးရင် စကားနားမထောင်လို့
ခဏခဏရိုက်တာလည်း ဆရာမပဲ။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now