13

6.6K 817 19
                                    

Zawgyi

ရိပေါ်လိုမျိုး ဘိုးဘိုးဆီ နေ့တိုင်းရောက်လာတဲ့
ဦးလေးကြီးနဲ့ မျက်နှာချင်းဆိုင် စကားမပြော
ဖြစ်ပေမယ့် နှစ်ယောက်သားက မျက်မှန်းတန်း
နေမိပြီ ဖြစ်တယ်။နည်းနည်းစိမ်းနေတာကလွဲရင်
မသိလို့မဖြစ်တဲ့ လူတွေမဟုတ်လား။

ဒီနေ့မဟုတ် မနက်ဖြန် ..ဆရာရှောင်း
ပြန်လာခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ဘိုးဘိုးဆီ
ရိပေါ် ရောက်လာတိုင်း ဦးလေးကြီးက
ခြံထဲမှာ ကြိုရောက်နေတတ်တယ်။ဒန်းပေါ်မှာ
ကုပ်ကုပ်လေးထိုင်ပြီး ခဲတံတစ်ချောင်းကို
အသုံးပြုလို့ စာရွက်ဖြူတွေပေါ် ရေးခြစ်နေပုံက
လည်း အထီးကျန်ဆန်ဆန်။

ညနေစာစားပြီးမှ ပြန်ဖို့ ဘိုးဘိုးခိုင်းလို့
သွားပြောတိုင်း ခေါင်းညိတ်ရုံသာ အသိအမှတ်
ပြုတတ်ပေမဲ့ တစ်ခါတလေတော့ ပြုံးပြတယ်။
ပြီးရင် ပြန်သွားရော။ဒီလိုကျတော့လည်း
ဦးလေးကြီးက အားနာတတ်သား။

ရိပေါ် တွေးမိတာ ရှိတယ်။
တကယ်လို့များ ရိပေါ်သာ ဒီဦးလေးကြီးနဲ့
အဆင်ပြေအောင်နေမယ်ဆိုရင် ဆရာရှောင်း
စိတ်ရှုပ်နေတာတွေ တစ်ဝက်လောက်
လျော့သွားမလားပဲ။

စာလုပ်ဖို့ ဆွဲထားတဲ့ အချိန်ဇယားမှာ
အကွက်လေးတစ်ကွက် ထပ်ဖြည့်လိုက်တယ်။
နေ့တစ်နေ့ရဲ့ နာရီဝက်စာတိုင်းက ပန်းချီ
အကြောင်းတွေ လေ့လာဖို့ဖြစ်တယ်။

မကျေမနပ်နှင့် စာရွက်အောက်ဖျားလေးမှာ
ထပ်ရေးထားမိတာ ဆရာရှောင်းဟာ လုံးဝ
အကျင့်မကောင်းတဲ့လူဖြစ်ကြောင်းပါပဲ။

ပိတ်ထားတဲ့ ပြတင်းပေါက်ကို ထဖွင့်တယ်။
ခြံထဲကို လှမ်းကြည့်မိတော့ ထုံးစံအတိုင်း
အရိပ်အယောင်လေးကအစ ရှိမနေဘူး။
ရာသီဥတုက အေးလာပြီမို့ အနွေးထည်
ထပ်ဝတ်ကာ ဓာတ်မီးယူပြီး အောက်ဆင်း
လာခဲ့တော့ ဧည့်ခန်းထဲမှာ စကားပြောနေ
ကြတဲ့ ဖေဖေနဲ့မေမေ။

ဘာတွေပြောနေကြလဲ ခိုးနားထောင်ဖို့
ပြင်နေတုန်း ခြံထဲကို ဝင်လာတဲ့ ကားသံ
ကြောင့် ထခုန်မိမတတ် ပျော်သွားရတာလဲ
သူ ကိုယ်တိုင်ပဲ ဖြစ်ပြန်တယ်။

ပြေးပဲ ကြိုရမလား ..
ကိုယ့်အခန်းကိုပဲ ပြေးရမလား ဝေခွဲရခက်
တယ်။ဒါ ဘယ်လိုခံစားချက်မျိုးလဲ ပြောမပြ
တတ်။အနီးစပ်ဆုံးဆိုရရင် လွမ်းနေရတဲ့လူကို
တွေ့ရမှာ ရှက်သလိုလိုကြီး။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now