Final

13.1K 1K 61
                                    

နှင်းတွေ တဖွဲဖွဲကျနေတဲ့ လမ်းပေါ်မှာ
ကျောင်းသားတွေ ပျော်ရွှင်စွာ ပြေးလွှားနေကြ
တယ်။ရှေ့ကို လျှောက်မယ့် ခြေလှမ်းတွေ
နောက်မှာ သိပ်လှတဲ့ ကျောင်းဝင်းကြီးဟာ
နှုတ်ဆက်လို့ နေတယ်။အသက်တွေကြီးလို့
အမှတ်တရတွေအကြောင်း ပြန်ပြောဖြစ်ရင်
အထက်တန်းနှစ်ရဲ့ ဂီတခန်းလေးက
မပါမဖြစ်ပဲလို့ ဆိုရမယ်။

အဲဒီနေ့က အဖြစ်အပျက်တွေကို ပြန်တွေးမိ
တိုင်း ရိပေါ်က ရင်ခုန်နေတုန်းပဲ ဖြစ်တယ်။
ရှက်တာလည်း ပါချင်ပါမှာပေါ့။

အတွေးတွေကြောင့် ပူနွေးလာတော့မယ့်
ပါးနှစ်ဖက်ကို လျစ်လျူရှုလို့ ခပ်လှမ်းလှမ်းက
ကားနားမှာ ရပ်စောင့်နေတဲ့ ဆရာရှောင်းဆီ
မပြေးရုံတမယ် သွားလိုက်မိတယ်။
စာမေးပွဲဖြေပြီးသွားတဲ့ ကလေးလေးကို
ဆရာရှောင်း ဆုချမယ်အမှတ်နှင့်မျက်လုံးတွေ
မှိတ်ထားပေးလိုက်တော့ ရယ်နေပြန်တာက
လူကို စိတ်ဆိုးချင်အောင် လုပ်နေတဲ့
သဘော။

ဒါဆိုလည်း မဆိုသလောက်လေး
စိတ်ဆိုးပေးရမှာပေါ့။ သို့ပေမယ့် ခဏကြာမှ
နွေးခနဲ ဖြစ်သွားတဲ့ သူ့နှာခေါင်းထိပ်လေး
ကြောင့် ခပ်မြန်မြန်ပဲ ကျေအေးပေးလိုက်ရ
တယ်။ မဟုတ်ရင် ဒီနေ့အတွက် တစ်စက္ကန့်
စာလောက်ပဲ ဖြစ်ဖြစ် ဆရာရှောင်းကို
သူ့အနား အကပ်မခံတော့။ဒါက ရိပေါ်ရဲ့
အပြစ်ပေးနည်းပဲ ဖြစ်တယ်။

"ဗိုက်ဆာပြီလား?"

ဆရာရှောင်းက ကားမောင်းနေတုန်း ရိပေါ်
လက်တစ်ဖက်ကို ဆုပ်ကိုင်ထားတတ်တာ
အကျင့်ဖြစ်နေသလိုပဲ ...
'ဗိုက်ဆာပြီလား'လို့ ခဏခဏ
မေးတတ်တာကလည်း အကျင့်တစ်ခုလို
ဖြစ်နေတယ်။ပြီးရင် သူ့လက်ချောင်းလေးတွေ
ကို ဖွဖွကလေး နမ်းတတ်ပြန်သေးတာ။

"ပီဇာ စားချင်တယ် ပီဇာ"

"ဟုတ်ပြီ။ဒါနဲ့ ကိုယ် ကြက်ကြော်ဆိုင်အသစ်
တွေ့ထားသေးတယ်။အရသာကတော့
မဆိုးဘူး။သွားမလား အဲ့ဒီဆိုင်ရော"

"သွားပါမယ်...ပြီးရင် စားပါမယ် ခင်ဗျ"

သူ့လက်ဖမိုးကို ဖျစ်ညှစ်လို့ ဖိကပ်နမ်းတဲ့
ဆရာရှောင်းက အသည်းယားသွားဟန် ..။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now