12

6.8K 844 41
                                    

Zawgyi

ဂျပန်ကို အဖေနဲ့လိုက်ခဲ့မယ်မလား ဆိုတဲ့
မေးခွန်းအတွက် ရှောင်းကျန့် ဆုံးဖြတ်ရ
ခက်နေတုန်းပဲ။ပြောရရင် ဒီနှစ်တွေအတွင်းမှာ
အဖေတစ်ယောက် သူတို့သားအမိကိုထားခဲ့ပြီး
ဘယ်လိုရှင်သန်နေခဲ့လဲ သိချင်မိတာအမှန်ပဲ။

ဆယ်ကျော်သက်အရွယ်တုန်းက တွေးခဲ့ဖူးတာ
ရှိတယ်။'တစ်နေ့ ပြန်လာခေါ်လိမ့်မယ်'ဆိုတဲ့
အမေ့စကားသာ မှန်ခဲ့မယ်ဆိုရင် အဖေက
ဒရမ်မာတွေထဲကလို သူဋ္ဌေးဖြစ်နေမှာလား၊
ဒါမှမဟုတ် နောက်အိမ်ထောင်ပြုဖြစ်ပြီး
မောင်နှမတွေဘာတွေ ရှိနေအုံးမှာလား၊
.ယုတ်အစွဆုံး သိပ်ဆိုးရွားတဲ့ မိထွေးနဲ့
ကြုံရလိမ့်မလား ..စုံနေရောပဲ။

ရှောင်းကျန့်က ဒီလိုပဲ အတွေးလွန်တတ်တဲ့
လူမျိုး။လွန်နေတဲ့အတွေးတွေကို အဆုံးစွန်ထိ
ဆွဲခေါ်ပစ်ပြီး ကိုယ့်ကိုကိုယ် ပြန်သနားမိအောင်
လုပ်မိတာက ခက်တယ်။ပြီးရင် အားလုံးကို
လွှတ်ချပြီး ထွက်ပြေးချင်တော့တာပဲ။

လှည့်စားတတ်တဲ့ ကံကြမ္မာက မထင်မှတ်ထား
အောင်ပဲ ရက်စက်တတ်ပေမယ့် မမျှော်လင့်စွာ
ပဲ သဘောလည်း ကောင်းနေပြန်တယ်။
အဖေဟာ အခုချိန်ထိ နောက်အိမ်ထောင်
ထပ်မပြုခဲ့ဘူး။ ဘဝတစ်ခုလုံးကို ပန်းချီကားချပ်
တွေဆီမှာပဲ မြှပ်နှံထားခဲ့သတဲ့။
ဒါဆို သူနဲ့အမေကရော။

ဆံပင်တွေကို လာဖွတဲ့ လက်ချောင်းတွေ
ကြောင့် လက်ထဲက ဖုန်းကိုပဲ ကျစ်နေအောင်
ဆုပ်ထားမိတယ်။ဒီလိုမျိုး ဂရုစိုက်ခံနေရတာ
နေသားမကျသေးဘူး။ဘိုးဘိုးဆို တစ်မျိုးပေါ့။
အခု .. အခုက
.

"လိုက်ခဲ့ပါကွယ် ..အဖေတို့အတူတူ
နေကြစို့လေ"

"ဒီမှာပဲအတူတူနေလို့ မဖြစ်ဘူးလား"

ဒီစကားကို သိပ်မေးချင်နေခဲ့တာဖြစ်တယ်။

သက်ပြင်းချတဲ့လူကတော့ ရှောင်းကျန့်
မျှော်လင့်ချက်တွေကို ရိုက်ချိုးဖို့ ကြိုတွေးထား
ခဲ့သလားပဲ။

"ဟိုမှာ အလုပ်တွေရှိသေးတယ်လေ
ကလေးရဲ့"

"ကျွန်တော်အဖေ့ကို ရှာကျွေးနိုင်ပါတယ်။
ပြီးတော့ ကျွန်တော် အဖေနဲ့လိုက်မယ်ဆိုရင်
ကျွန်တော် မြတ်နိုးတဲ့ အရာတွေကို
စွန့်လွှတ်ရမှာ"

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now