6

6.9K 922 15
                                    

Zawgyi

ပြတင်းပေါက်ကနေ ဝင်လာတဲ့ လေတွေက
ခပ်အေးအေးလေး။ညစ်ထေးထေး တိမ်စိုင်တွေ
ကြောင့် ရာသီဥတုဟာ အခြေအနေကောင်း
မည့်ပုံမပေါ်။ကျောင်းဝင်းထဲက ခြောက်သွေ့နေ
တဲ့ မြက်ပင်တိုတိုတွေ စိုစွတ်တော့မယ်
ထင်တယ်။

ငေးမိငေးရာ ပတ်ဝန်းကျင်က အဆွေးဓာတ်ခံ
ရှိရင် အတော်လှပေမယ့် ရိပေါ်အတွက်
အလွမ်းဆိုတာ ဘယ်ဆီနေမှန်းမှ မသိဘဲ။
ခေါင်းကို ရှေ့ပြန်လှည့်တော့ ကျောက်သင်ပုန်း
မှာ စာရေးပေးနေတဲ့ အတန်းခေါင်းဆောင်ဟာ
အခုထိ ရေးလို့မပြီးသေး။သူ့လို စာကူးမြန်တဲ့
ကျောင်းသားတွေကတော့ အခန်းဝမှာ ဆရာမ
ရှိလို့ မလှုပ်ရဲဘဲ ခေါင်းတွေဟိုဘက်လှည့်
လိုက်၊ ဒီဘက်လှည့်လိုက်နဲ့။အင်္ဂလိပ်စာချိန်ဟာ
ဒီကနေ့ သိပ်ပျင်းစရာကောင်းပါတယ်။

ကျောင်းရောက်ကတည်းက တစ်စုံတစ်ခုကို
တနုံ့နုံ့စဉ်းစားရင်း ငိုင်နေတဲ့ ယွီပင်းက
စာလိုက်ကူးဖို့တော့ မမေ့။ အနောက်ခုံက
ကျိုးချန်ကို လှည့်ကြည့်တော့လည်း စိတ်
အခြေအနေကို ခန့်မှန်းမရပြန်။

"ကလေးတွေ...ဒီအချိန်ပြီးရင် အင်္ဂလိပ်စာပဲ
ဆက်ဝင်မယ်နော်။အခု ကျောက်သင်ပုန်းမှာ
ရေးထားတဲ့ Grammarတွေအရင်ဖြေထား။
ဆရာမ ရုံးခန်းခဏသွားအုံးမယ်"

အနောက်ခုံကနေ လက်တို့ပြီး ခေါ်တဲ့
ကျိုးချန်ကို မေးငေါ့ပြတော့ အချိန်ဇယားကိုပြ
တယ်။ဒီနေ့အတွက် အင်္ဂလိပ်ချိန်ပြီးရင်
သင်္ချာချိန်လာမယ်ဆိုတာ ရိပေါ်က
မသိစရာလား။မနက်ခင်းက ကျောင်းကို
အတူတူလာပေမယ့် ဆရာရှောင်းက
ခွင့်ယူမည့်အကြောင်းတော့ မပြောခဲ့တာမို့
သူ့မှာ ပြန်ပြောစရာ စကားမရှိ။

"ရိပေါ်...မင်းပြောတာ တကယ်ကြီးလား?"

"တကယ်ဟုတ်မဟုတ်..နောက်တော့
မင်းသိလာလိမ့်မယ် ယွီပင်း"

သူငယ်ချင်းတွေကို မဖုံးကွယ်ထားချင်တော့လို့
ပြောခဲ့မိတဲ့အကြောင်းတွေက သိပ်ယုံချင်စရာ
မကောင်းပေမယ့် အမှန်တရားတွေချည်း။
ရိပေါ်နဲ့ဆရာရှောင်းကို ဘာလိုလိုညာလိုလို
အခြေအနေလောက်ပဲ ထင်ထားခဲ့ကြတဲ့
ကျိုးချန်နဲ့ယွီပင်းကတော့ အခုထိ မေးလို့
မပြီးနိုင်။ နောက်တော့ သူတို့တွေ
သဘောပေါက်မှာပါဆိုပြီး ရိပေါ်က ဘာမှ
ထပ်မပြောချင်တော့။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now