7

6.4K 903 28
                                    

Zawgyi

မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး
နွေးနေဆဲဖြစ်တဲ့ လက်ဖမိုးကို တစ်လှည့် ၊
အခန်းထဲက ထွက်သွားဖို့ပြင်နေတဲ့
ဆရာရှောင်းကို တစ်လှည့် နားမလည်နိုင်စွာ
ကြည့်မိတယ်။

စောင့်နေရင်း မှေးခနဲအိပ်ပျော်သွားတာအမှန်။
လက်တစ်စုံရဲ့စွေ့ခနဲ ပွေ့ချီမှုက ရိပေါ်ကို
နိုးလာစေတာ။အစက ဖေဖေလို့ပဲ ထင်ပြီး
ဆက်အိပ်ဖို့ပဲ ပြင်မိခဲ့တယ်။တစ်စုံတစ်ယောက်
ကို စိတ်ပူရင်းနဲ့ပေါ့။လည်ပင်းနားကို တိုးဝှေ့
တဲ့အခိုက်..နှာဖျားဝက ရေမွှေးနံ့သင်းသင်းက
လူကို အလန့်တကြား ဖြစ်သွားစေတဲ့အထိ။
ခံစားချက်က ရင်တုန်တာလား ၊
ရင်ခုန်တာလားပဲ ။

ဆက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်ရင်း
မသိမသာလေး အနံ့လေးကို ခိုးရှုတယ်။
မွေ့ယာပေါ် အသာအယာချပေးတာလည်း
သိတယ်။စောင်ခြုံပေးတာလည်း သိတယ်။
အိပ်ချင်ယောင်ဆောင်နေတဲ့သူက နိုးရခက်
ပါတယ်။လက်ကိုဆုပ်ကိုင်လိုက်ချိန် ..

နွေးခနဲ ဖြစ်သွားချိန် ။ ဦးနှောက်ထဲမှာ
မေးခွန်းတွေက ပလုံစီပြီး ပေါ်လာတယ်။

ကျွန်တော်တို့က ဘာတွေလဲ?

သဘောမကျဘူးဆိုပြီး ခါးသီးစွာငြင်းမိချင်
နေခဲ့တဲ့ ဒီလူကိုရော ရိပေါ်က
ဘာလို့ရင်ခုန်နေရတာလဲ ??

ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။
ဆက်ပြီး အိပ်လို့ရတော့မယ် မထင်ဘူး။
'ဆရာရှောင်း!ဘာလို့ ဒီလိုလုပ်တာလဲဗျ'
ဆိုပြီး မေးချင်ပေမယ့် သူစဉ်းစားခန်း
ဝင်နေတုန်း ထွက်သွားတဲ့ ဆရာက
အရိပ်လေးပင် မမြင်ရတော့ ။

:
:
:

မိုးလင်းခါနီးပြီဖြစ်သော်လည်း မိုးက
တဖွဲဖွဲရွာနေဆဲ။ မျက်နှာသစ်ပြီး
စာကျက်နေတာ အိပ်မရတော့တဲ့ မနက်
ဝေလီဝေလင်း ကတည်းက။ဗိုက်ဆာလာတာမို့
မီးဖိုချောင်ထဲ ဆင်းလာတော့ မနက်စာ
ပြင်နေတဲ့ ဆရာရှောင်းကို တွေ့တယ်။

နောက်ပြန်လှည့်ရမလား...မသိချင်ယောင်
ဆောင်ပြီး ဗိုက်အရင်ဖြည့်ရမလား တွေးနေ
တုန်း ဒီဘက်ကို လှည့်ကြည့်လာသူ။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now