14

7K 829 33
                                    

Zawgyi

ကြိုးတစ်ချောင်းမှာ ဆက်ရာထုံးရာတွေ
များနေရင် အသုံးဝင်သေးပေမယ့် ကြာရှည်
မခံနိုင်သလိုပဲ အိမ်ထောင်ရေးတစ်ခုမှာ
နှစ်ဦးနှစ်ဖက် နားလည်မှုတွေ လွဲလာခဲ့ရင်
ဒီအိမ်ထောင်ရေးကို ဆက်ထိန်းသိမ်းနိုင်ဖို့
ခက်ခဲတယ်။အဖေနဲ့အမေသာ တစ်ဦးနှင့်
တစ်ဦး  အလျှော့ပေးခဲ့ရင် ရှောင်းကျန့်တို့
မိသားစုက ကွဲကွာသွားရမှာ မဟုတ်ဘူး။

တကယ်ဆို အမေလိုအပ်ခဲ့တာ ငွေကြေး
မဟုတ်ဘဲ အချိန်တစ်ခုဖြစ်သလို အဖေ
လိုအပ်ခဲ့တာကအနုပညာသမားတစ်ယောက်ကို
နားလည်ပေးဖို့ ဖြစ်တယ်။

'ဖြစ်ပြီးခဲ့သမျှ ဘာတတ်နိုင်မှာလဲ၊
အတိတ်တွေကို ပြန်ပြင်မယ့်အစား
လက်ရှိနဲ့အနာဂတ်မှာ အဖေကောင်းဖြစ်ဖို့
ကြိုးစား'ဆိုပြီး ဘိုးဘိုးကတော့ အဖေ့ကို
နွေးထွေးစွာဖက်လို့ နှစ်သိမ့်တယ်။

ပြိုင်တူပြုံးမိကြတဲ့ အချိန်တွေက
ကြည်နူးစရာ။

"ကျန့်ကျန့်...နောက်ဆို မပြောမဆိုနဲ့
ထပ်ပျောက်မသွားတော့နဲ့နော်။စိတ်ရှုပ်အောင်
လုပ်မိတာ အဖေ့အမှားပါ။အဖေ တောင်းပန်
ပါတယ်နော် ကလေး"

ရှောင်းကျန့်ကို ထပ်ပျောက်မသွားဖို့
ပြောလာတဲ့ အဖေက အပြစ်မကင်းသလို
ရှိနေသေးတာ။လက်ဖဝါးနွေးနွေးကို ဆုပ်ကိုင်
လိုက်တော့ သူ့ကို ခပ်ပြုံးပြုံး ကြည့်လာပြန်ရဲ့။

"ကျွန်တော်တို့ကြားထဲမှာ တောင်းပန်စကား
တွေ မလိုတော့ပါဘူး"

"ရိပေါ်လေးနဲ့လက်ထပ်ပြီးရင် အဖေ့ဆီ
ခဏခဏ လာလည်နော်"

အဖေ့စကားကြောင့် ရှောင်းကျန့် ရင်ထဲ
ဝမ်းသာဝမ်းနည်းစိတ်တို့ ဖြတ်ပြေးတယ်။
ဒီလို ဆုံးဖြတ်ဖို့ ဘယ်လောက်ခက်ခဲလဲ
ဆိုတာ အဖေ့မျက်ဝန်းတွေထဲက မျည်ရည်စ
တွေဟာ သက်သေပဲ။

"နောက်တစ်ပတ်ထဲ အဖေ ပြန်ဖြစ်လောက်မှာ။
ကလေးတို့ စေ့စပ်ခါနီးမှ ထပ်လာခဲ့ရမယ်"

ပြုံးကြည့်နေတဲ့ ဘိုးဘိုးက အဖေ့စကားကို
လက်မလေးထောင်လို့ ထောက်ခံတယ်။
မပြန်ခင်လေး မိသားစုတွေဆုံပြီး ထမင်းစားဖို့
နှစ်ယောက်သား တိုင်ပင်နေကြတုန်း
ရှောင်းကျန့်က ရိပေါ်ကို သွားကြိုဖို့ပြင်ရတယ်။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now