5

6.9K 933 41
                                    

Zawgyi

တစ်နေ့ တစ်ဘာသာ ဖြေရတဲ့
နှစ်ဝက် စာမေးပွဲက မနက်ပိုင်းမှာ
ဖြေပြီး နေ့ခင်းဆို အတန်းလွှတ်ပေးတယ်။
ပထမဘာသာဖြေပြီးကတည်းက စာမေးပွဲမှာ
ပါမယ်ပြောလို့ ကျက်ထားရတဲ့ စာတွေ
ပါမလာခဲ့တာကြောင့် နောက်ဆို ဆရာတွေ
ပေးထားတာပဲမကြည့်ဖို့ သင်ခန်းစာရသွားကြ
တဲ့ ကျောင်းသားတွေကတော့
ခပ်များများ.....။

တစ်နည်းပြောရရင် ဒီစာပါမယ်ဆိုပြီး
တစ်ခြားဟာပြောင်းမေးတာ။စာသင်ချိန်တွေ
သေချာစာလိုက်လုပ်ရင် ရမယ်ဆိုပေမယ့်
အတန်းထဲက တစ်ချို့ဟိုက်ပါတွေတောင်
ငိုမဲ့မဲ့ထွက်လာကြသေး။....အပိုင်တွက်ထား
ကြတာကိုး သူတို့က.....။ယွီပင်းနဲ့ကျိုးချန်က
တော့ ခန့်မှန်းလို့မရတဲ့ မျက်နှာပေးတွေနှင့်
ရိပေါ် ပခုံးတစ်ဖက်တစ်ချက်ဆီမှာ ခေါင်းတွေ
တင်ပြီး Bခန်းက ကောင်မလေးတွေကို
လိုက်ကြည့်နေတယ်။ဆိုတော့.....

ဒီနေ့က သင်္ချာဖြေရမယ့်နေ့ ...။

စာမေးပွဲခန်းတွေရှေ့ အပင်အောက်က ခုံမှာ
စုထိုင်နေကြတဲ့ ရိပေါ်တို့နားမှာ
တခြားကျောင်းသားတွေလည်း ရှိတယ်။
Noteစာအုပ်ကိုယ်စီနဲ့ မေးလောက်မည့်
သင်္ချာဥာဏ်စမ်းတွေ ကြည့်နေကြတာဆိုပေမဲ့
ယွီပင်းနဲ့ကျိုးချန်တော့ ပါမယ်မထင်......။

"ကျိုးချန်...ဒီစာမေးပွဲမှာရတဲ့Resultနဲ့
အခန်းပြန်ခွဲအုံးမှာနော်။Aခန်းထဲမလာတော့
ဘူးလား?"

"အေး။လာမှာပါ"

ပြန်ဖြေတဲ့ ကျိုးချန်အသံကို ရိပေါ်က
ဘဝင်မကျဘူး။လာမယ်ဆိုပြီး စာကျ
မကြည့်ဘဲနဲ့...။ စိတ်ဆိုးဆိုးနှင့်
သူ့ပခုံးတစ်ဖက်တစ်ချက်ဆီမှာ မှီထားတဲ့
ခေါင်းနှစ်လုံးကို တွန်းထုတ်ပစ်လိုက်တယ်။

"ဒီလိုပုံစံနဲ့ မင်းတို့နှစ်ယောက်လုံး
Cခန်းပဲ ရောက်မှာ သိလား?။
ငါတစ်ယောက်တည်း ဖြစ်နေမှာကို
ဘယ်သူမှဂရုမစိုက်ဘူး။ စာလုပ်ပါဆို
အမြဲတမ်းပြောနေရတယ်"

"ရိပေါ်ရာ.....ငါ စာလုပ်ထားပါတယ်။
စာမေးပွဲခန်းထဲဝင်ခါနီးဆို စာပြန်မကြည့်
တတ်လို့ပါကွ မင်းကလည်း"

လိမ်နေတဲ့ပုံမပေါက်တဲ့ ကျိုးချန်ကြောင့်
ဒီလောက်နဲ့ပဲ စိတ်ဖြေလိုက်ရတယ်။
စာမေးပွဲခန်းထဲ ဝင်ရတော့မှာမလို့
ကြည့်လက်စ စာအုပ်ကို ကျောပိုးလွယ်အိတ်
ထဲ ပြန်သိမ်းနေတုန်း ရိပေါ်တို့အခန်းကို
စောင့်မည့် ဆရာရောက်လာတယ်။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now