3

7.8K 952 42
                                    

Zawgyi

မနက်ဝေလီဝေလင်း လောက်ကတည်းက
အချိန်အခါမဟုတ် ရွာနေတဲ့မိုးဟာ
မိုးလင်းပေါက်ထိ မစဲသေးဘူး။ဒီမှာ
မိုးနည်းနေပေမယ့် ဟိုရောက်ရင် မိုးသည်းချင်
သည်းနေအုံးမှာ။လိုရမယ်ရ ထီးတစ်ချောင်း
လောက်တော့ ယူခဲ့ရမယ်ထင်တယ်။

မိုးအေးအေးနဲ့မို့ ထူထူထဲထဲအနွေးထည်ကို
ထပ်ဝတ်ပြီး ရှောင်းကျန့်ထွက်လာတော့
သွားဖို့ အဆင်သင့် ဖြစ်နေပုံရသော
ကောင်လေးက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ
ကွေးကွေးလေးလှဲပြီး စောင့်နေတယ်။
ကျောင်းပိတ်ရက်မှာ ရှောင်းကျန့်နဲ့ အတူတူ
ဂေဟာမှာ အလှူသွားလုပ်ဖို့ ဘိုးဘိုးက
မှာထားသောကြောင့် ဖြစ်တယ်။
သို့သော် ကောင်လေးက မလိုက်ချင်ပေ။
ရှောင်းကျန့်ကို လာပြောပေမယ့် ဘိုးဘိုးစကား
ကို နားထောင်တဲ့ ကလေးဖြစ်စေချင်လို့
နေခဲ့ဖို့ သူခွင့်မပြုမိ။

သူတို့ပေကျင်းကနေ ထွက်လာပြီး
ဂေဟာကို သွားတဲ့လမ်းရောက်တော့
မိုးက စဲလေပြီ။ ဖြတ်လမ်းကနေသွားတာမို့
ရေတွေနှင့်ပြည့်နေတဲ့ မြေချိုင့်ခွက်တွေရှိလို့
ကားကို ဂရုတစိုက်မောင်းရတယ်။ချယ်ရီပင်အို
တွေစီတန်းနေတဲ့ မြေနီလမ်းကို ရှောင်းကျန့်
သိပ်သဘောကျခဲ့တာ။ စိတ်ကူးလည်း
ယဉ်ခဲ့သေး။ချယ်ရီပွင့်တွေကြွေတဲ့အချိန်
ဒီနေရာမှာ အချစ်နဲ့ဆုံတယ် ဆိုပြီးတော့။
မှတ်မှတ်ရရ ရှောင်းကျန့်နဲ့ဘိုးဘိုး
နောက်ဆုံးတစ်ခေါက် လာတုန်းက ဖြစ်မယ်။

ဂေဟာကိုရောက်ဖို့ လမ်းတစ်ကွေ့ပဲ
လိုတော့တဲ့အထိ ဝမ်ရိပေါ်ဟာ
အိပ်ငိုက်နေဆဲပဲ.....။နှုတ်ခမ်းက ပုံမှန်ထက်
စူနေပြီးတော့ မေးနှစ်ထပ်လေးဖြစ်နေတာ
တစ်ခုခုကို စိတ်မကြည်လို့လားမသိ။

ကားကို အာရုံစိုက်မောင်းနေတဲ့
ရှောင်းကျန့်တစ်ယောက် ဘာရယ်မဟုတ်
ခဏခဏ ငဲ့ကြည့်မိပါသေးတယ်.....။

:
:
:

ရိပေါ် မလိုက်ချင်ဘူးလို့ ပြောခဲ့မိတာ
ဂေဟာရောက်မှ နောင်တရတယ်။
ဆရာရှောင်း အတင်းခေါ်လာခဲ့လို့
ကိစ္စတော့မရှိ။ ဖြူစင်တဲ့အပြုံးတွေနှင့်
ကလေးတွေကို ဒဏ်ခတ်တဲ့လောကကြီးက
သိပ်ကို မတရားတာပါ။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now