11

6.9K 879 44
                                    

Zawgyi

သဘောကျတဲ့စိတ်တွေဟာ လုံးဝထိန်းချုပ်မရဘဲ
ပွင့်အန်ထွက်လာတဲ့အခါ ကောင်လေးကို
ဆွဲချုပ်ပြီး ရှောင်းကျန့်က အနမ်းကြမ်းကြမ်း
တွေသာ ထပ်ပေးမိပြန်တယ်။ခံစားချက်တွေက
ရူးတော့မလိုပဲ။နှုတ်ခမ်းအိအိတွေဟာ မူးယစ်ဆေး
လို ယစ်မူးစေတယ်။စွဲလမ်းစေပြီး ဖြတ်ဖို့လည်း
ခက်တယ်။

သဘောကျနေတဲ့အကြောင်းတွေ သိစေချင်
တာ။လစ်လျူရှုတာ မခံနိုင်ဘူး။ပြန်ပြီး
သဘောမကျနိုင်ဘူးဆိုရင်တောင် နည်းနည်း
လောက်တော့ အသိအမှတ်ပြုစေချင်တယ်။

စပြီးမှတော့ အဆုံးထိဆက်သွားမယ်။
ရိပေါ် ဆန္ဒရှိသလို နောင်တရစေဖို့
အကြောင်းရင်းတွေ လုံလောက်ခဲ့ပြီ ဆိုရင်တောင်
ခဏလောက်တော့ ခံစားချက်တွေကို အလိုလိုက်
ချင်သေးတယ်။

အားနဲ့မာန်နဲ့ဖိနင်းခံလိုက်ရသော ဘယ်ဘက်
ခြေဖမိုးကြောင့် အနမ်းတွေ ရပ်ပစ်ရတဲ့
ရှောင်းကျန့်က ခုန်ဆွခုန်ဆွ။ ရိပေါ်က
လည်မလိုလိုနဲ့ အူတယ်။လက်ကလွတ်တုန်း
ထွက်မပြေးဘဲ  သူ့ခြေထောက်ကို
ရပ်ကြည့်နေသေးတယ်။ တကယ်
ဘယ်လိုဟာလေးလဲ။

နာလွန်းလို့ ကြမ်းပြင်ပေါ် ထိုင်ချပစ်လိုက်
တော့ အူကြောင်ကြောင်ကောင်လေးက
ငုတ်တုတ်လေး လိုက်ထိုင်ပြီး မျက်လုံးရွှဲကြီး
တွေနဲ့ သူ့ကို ကြည့်လာတယ်။

"အရမ်း နာသွားတာလား"

သူ ခေါင်းခါပြလိုက်ရင်း ဖိနပ်ချွတ်ပြီး
ကြည့်လိုက်တော့ အနီရောင်သမ်းနေတဲ့
ခြေဖမိုး။ဖိနင်းခံလိုက်ရတာ နည်းတဲ့
အားနှင့်မှ မဟုတ်ဘဲ။

"လာ..ကျွန်တော့်ကိုတွဲ။ဆေးခန်းသွားရအောင်"

"ရတယ် ရတယ်။ခဏနေ သက်သာသွားလိမ့်
မယ်။စိတ်မပူနဲ့ အရမ်းမနာဘူး"

"ဘယ်သူက စိတ်ပူတယ်ပြောနေလို့လဲ?
ကျွန်တော်....ကျွန်တော်က

ထစ်အနေတဲ့ စကားတွေဆက်ဖို့ ရိပေါ်က
မတ်တတ်ရပ်ပြီး ရှောင်းကျန့်ကို ကျောခိုင်း
တယ်။ရင်ထဲမှာ တစ်မျိုးပါပဲ။
အောင့်သက်သက်နဲ့။

"တခြားသူပေးတဲ့ နာကျင်မှုတွေကို
လက်မခံချင်တဲ့ ကျွန်တော်က ...
သူများတွေကိုလည်း ကျွန်တော့်ကြောင့်
မနာကျင်စေချင်ဘူး"

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now