10

7.4K 905 75
                                    

Zawgyi

"ရိပေါ်! ပွဲပြီးရင် မုန့်သွားစားကြမယ်။
တန်းမပြန်နဲ့အုံး!"

ရိပေါ်ကို ရေသန့်ဘူးတွေ လှမ်းပေးရင်း
ပြောလာသော ယွီပင်းက 'ငါတို့နိုင်မှာ
သေချာတယ်'ဆိုတဲ့ မျက်နှာပေးနှင့်။
တကယ်ဆို ရိပေါ်လည်း နိုင်မယ်လို့
ယုံကြည်ထားပါတယ်။ဒါပေမယ့် ဟိုဘက်
အဖွဲ့ကိုလည်း အထင်သေးမနေဘူး။

"ကျိုးချန်ကရော..ဘယ်သွားတာလဲ?"

"သူက မင်း သိတဲ့အတိုင်း...
ပွဲစခါနီးဆို အရေးနဲ့အကြောင်းနဲ့..
Toiletပဲနေမှာပေါ့"

ပြောနေရင်း ရောက်လာတဲ့ ကျိုးချန်က
ရိပေါ်နားကို ကပ်လာတယ်။ပြောင်စပ်စပ်နဲ့။
ပြီးတော့ တိုးတိုးပြောတယ်။'ဆရာရှောင်း
ဖိုက်တင်း!'တဲ့။ဒါဟာ ကျိုးချန်
အမြဲစနေကြပုံစံမို့ ရိပေါ် ဘယ်လိုမှမနေတော့။
သူ့နဖူးစည်းကြောင့်လဲ ဖြစ်ပါလိမ့်မယ်။

ဟက်ခနဲရယ်ချလိုက်ရင်း ပွဲပြီးရင် ကျောင်းရှေ့က
အကင်ဆိုင်မှာ စောင့်မည့်အကြောင်းပြောပြီး
ထွက်လာခဲ့လိုက်တယ်။

ဟိုဆရာကို အိမ်ပြန်နှင့်ဖို့
ဘယ်လိုသွားပြောရပါ့။

:
:

ဘောလုံးကွင်းဆီ လာရင်း လမ်းခုလတ်မှာ
ဆရာရှောင်းနာမည်ပါတဲ့ နဖူးစည်းတွေနှင့်
လူအုပ်ကြီးက ရိပေါ်ကိုပါ အဖွဲ့ထဲဆွဲခေါ်တယ်။
သူတို့အခန်းက ကျောင်းသားတွေဖြစ်ပြီး
တခြားအခန်းကလည်းပါတယ်။အများစုကတော့
ကျောင်းသူတွေ။

ပွဲကြည့်စင်ကို ရောက်တော့လည်း
ဘောလုံးပွဲပင် မစရသေး ...
တဒုန်းဒုန်းနှင့် အားပေးသံတွေက ဆူညံလို့။
ဆရာရှောင်းအစွမ်း အံ့မခန်း။

ပွဲစပြန်တော့ ကစားသမားတွေကြားထဲ
ထင်းလင်းနေတဲ့ ဆရာရှောင်းက
ဟိုပြေးလိုက် ဒီပြေးလိုက်ပါပဲ။
တကယ်တော့ ဆရာက တောင်ပြေးရင်
ဘောလုံးက မြောက်သွားလိုက် ၊
ဆရာက မြောက်ဘက်ကိုပြေးရင်...
ဘောလုံးက တောင်ဘက်ဆီရောက်သွားလိုက်
ဖြစ်နေလို့ပါ။ဆရာရှောင်းက မကစားတတ်တာ
မဟုတ်ပါဘူး။

ဆူညံနေတဲ့ အားပေးသံတွေကြားမှာ
ရိပေါ်ကတော့ ရင်တွေ တဒုန်းဒုန်းခုန်ပါတယ်။
သူများတွေနဲ့အတူ လိုက်အော်လို့
ရိပေါ်အသံက ဟိန်းထွက်သွားရင်လည်း
ရှက်လို့ လဲသေချင်လာသလိုပဲ။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now