9

6.4K 859 21
                                    

Zawgyi

စနောက်ရုံသဘောမျိုးနှင့် ပြောတဲ့စကားမှာ
စိတ်ရင်းတွေလည်း ပါတယ်။ငြိမ်ကျသွားတဲ့
ကောင်လေးက လက်သည်းတွေဝှက်ထားတဲ့
ကြောင်ပေါက်လေးလိုပဲ။ တကယ်
အနိုင်ကျင့်ချင်စရာလေး။

ဖြူဥဥမျက်နှာလေးကို မေးဖျားကနေ ဆွဲမော့ပြီး
မျက်ဝန်းအိမ်တွေထဲ စိုက်ကြည့်ပစ်လိုက်တယ်။
ကောင်လေးက တကယ်မကြောက်မရွံ့နဲ့။
နှုတ်ခမ်းတွေ တင်းတင်းစေ့ပြီး သူ့ကို
ပြန်ကြည့်လာတယ်။

"ဆရာက မထင်ရဘူးနော်။လူရှေ့တစ်မျိုး
လူကွယ်တစ်မျိုး..."

"ဟမ်..ကိုယ်က?"

"ဟုတ်တယ်။ဆရာ အခုဘာလုပ်ဖို့ကြိုးစား
နေလဲ ကျွန်တော်မသိဘူး ထင်လို့လား"

ရိပေါ်ကမျက်ရည်တွေပါ ဝေ့တက်လာပြီး
ငိုချင်နေတဲ့ပုံ။သူဘာမှ မလုပ်ရသေးဘဲ
ဘာလို့ အဲ့လောက်စိတ်ထိခိုက်သွားရသလဲ
သူ မသိပါ။

"ရုပ်ရှင်ထဲက လူကြမ်းတွေလိုပဲ မျက်နှာကို
ဆွဲမော့ပြီး လူကို စိုက်ကြည့်မယ်။ပြီးရင်
ရိုက်တော့မှာမလား?ဒါနဲ့ သိလား
ကျွန်တော်က ဘိုးဘိုးကို ပြန်တိုင်မှာ!!"

အတည်ပေါက်ကြီးပြောနေတဲ့
ကောင်လေးကြောင့် တစ်စက္ကန့်လောက်
ငြိမ်ပေးလိုက်တယ်။နောက်မှ
အူလှိုက်သည်းလှိုက် ရယ်ချပစ်လိုက်တော့
ခေါင်းလုံးလုံးလေးက တလှုပ်လှုပ်နဲ့။
ငိုသွားတာကွာ...တကယ့် ကလေးလေး။

"ကျွန်တော့်မှာတော့ ဗိုက်အောင့်နေတာတောင်
မနည်းသည်းခံထားရတာ။ကျွန်တော်ပြောလိုက်တဲ့
စကားကြောင့် ဆရာစိတ်မကောင်းဖြစ်သွားတယ်
ဆိုပြီး မနေတတ်မထိုင်တတ်တွေ ဖြစ်နေတာကို။
ဆရာက...ဆရာရှောင်းက ဇာတိတွေထုတ်ပြဖို့
ကြိုးစားနေပြီပေါ့"

လေသံတွေဟာ အပြစ်တင်နေသလား၊
ဝမ်းနည်းတာကို ဖော်ပြနေသလား မသဲကွဲ။

နီစွေးစွေးနှာထိပ်လေးကို လက်ညှိုးနှင့်
အပေါ်ပင့်တင်ကြည့်တော့ သူ့လက်ကို
လာပုတ်ထုတ်တယ်။

"ငိုနေရင် မင်းက
တကယ်ဝက်ရုပ်ဆိုးလေး!"

"..."

ရုတ်တရက်ကြီး ရှောင်းကျန့်လက်မောင်းကို
လာထုတဲ့လက်သီးဆုပ်အားက မသေးဘူး။
စနောက်ချင်နေတဲ့ စိတ်တွေကိုတော့
ခွင့်လွှတ်ပေးဖို့ တောင်းဆိုရမယ်။
မစဘဲမနေနိုင်တော့လို့ ။

𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]Where stories live. Discover now