Unicode
ခြံထဲသို့၀င်လိုက်တာနဲ့ အတွင်းက မြင်ကွင်းသည် လွန်ခဲ့သည့် နှစ်၂၀ကနဲ့ ကွဲပြားစွာ။အိမ်သည် သစ်လွင်မနေတော့၊ခြံထဲတွင် ပန်းပင်တွေ စီတန်းကာ ရှိမနေတော့....အရာရာဟာ ခြောက်ကပ်ကပ်...
"မာန် လာလေ"
ရှေ့ကနေ လျှောက်၀င်သွားသော အစ်မဖြစ်သူသည် အိမ်တံခါး၀တွင် ရောက်နေပြီဖြစ်ပြီး သူ့အား လှမ်းခေါ်နေသည်။"သားငယ်"
စည်းကြိုနေသော အမေ့ပုံစံက အံ့သြနေတာမျိုးမဟုတ်ဘဲ ထိတ်လန့်နေသလိုလို...."မေမေ နေကောင်းရဲ့လား"
နှစ်၂၀လုံး အဆက်အသွယ်မရှိခဲ့သော သားတစ်ယောက်အနေဖြင့် ဤစကားမေးရတာ အနည်းငယ်တော့ မျက်နှာပူစရာကောင်းလှသည်။"အေး...ကောင်းပါတယ်"
"မာန်...မင်းကြိုမပြောထားတော့ အခန်းကို သန့်ရှင်းရေးမလုပ်ရသေးဘူး"
"ရတယ် မမ...ငါ့ဘာသာလုပ်လိုက်မယ်"
နိုင်ငံခြားမှာ နှစ်၂၀တိတိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ပြီးပြီဘဲ အခန်းလေးတစ်ခန်း ရှင်းရတာက စာမဖွဲ့ပါဘူး။နောက်ပြီး သူဟာ လွန်ခဲ့တဲ့ နှစ်၂၀ကလို အသက်၂၀အရွယ် လူပျိုပေါက်ကလေးမှ မဟုတ်တော့တာ..."ဖေဖေက အပြင်သွားနေတာလား"
"ဟုတ်တယ် မာန်။မင်းယောက်ဖနဲ့ သူ့မြေးကျောင်းကြိုဖို့ ထွက်သွားကြတယ်"
"ဧပရယ်လေးတောင် ဒီနှစ် ၇တန်းဘဲ..."
သူ့ဘက်ကသာ အဆက်အသွယ်မလုပ်ခဲ့ပေမဲ့ အစ်မဖြစ်သူက မိသားစုအကြောင်းတွေကို Mailအမြဲပို့သည်မို့ တူမဖြစ်သူ၏ နာမည်နှင့်အတန်းကို သူသိထားတာ မဆန်း။"ကျွန်တော် နားဦးမယ် မေမေ"
"အေးအေး"
luggageကို မ ကာ အိမ်ပေါ်ထပ်ဆီသို့ တက်လာခဲ့သည်။အခန်းကျယ်သည် ပိုင်ရှင်မဲ့နေခဲ့ရှာပေမဲ့ ရှင်းလင်းခြင်းတော့ မခံထားရပေ။ဒါဟာ မေမေ သူ့အပေါ်ထားတဲ့ လက်ကျန်မေတ္တာတွေဖြစ်ဟန်တူသည်။ဒီအိမ်ကို သူပြန်မလာချင်ပေမဲ့ ခုလို ပြန်လာရတဲ့အတွက် သူ့ကိုယ်သူ စိတ်ပျက်မိသည်။
"အရမ်းကြီးတော့ သန့်ရှင်းစရာမလိုပါဘူး။မေမေက ပစ္စည်းတွေသူ့နေရာနဲ့သူ ထားပေးထားတာဆိုတော့ ဖုန်ခါရုံလောက်ဘဲ"