"ဟဲ့ ရိပေါ် ဒါကဘယ်လဲ"
ရိပေါ်အိမ်အပေါ်ထပ်လှေကားကဆင်းလာတာနဲ့ ထမင်းစားစားပွဲမှာထိုင်နေတဲ့ဒေါ်လေးကလှမ်းမေးလေတော့သည်။
"သူငယ်ချင်းတွေနဲ့ချိန်းထားလို့သွားမလို့ပါဒေါ်လေးချင်"
" မင်းမလဲ တစ်နေ့တစ်နေ့သူငယ်ချင်းတွေနဲ့ဘဲအလေလိုက်လေနေတယ် အိမ်ကစီးပွါးရေးလေးဘာလေး ကူလုပ်ဖို့အစီအစဥ်မရှိဘူးလား"
"စီးပွါးရေးကဘယ်အချိန်လုပ်လုပ်ရပါတယ်ဗျာ အဖေနဲ့အမေထားခဲ့တဲ့စည်းစိမ်တွေမှအများကြီးဘဲ ကျွန်တော့်ဆယ်သက်တောင်စားလို့ကုန်မှာမဟုတ်ဘူး"
"ပြောလိုက်ရင်အဲ့တိုင်းချည်းဘဲ"
"ကဲ ဒေါ်လေးဆူချင်ရင်လဲနောက်မှဆူ ကျွန်တော်သွားတော့မယ် သူငယ်ချင်းတွေလဲဝင်ခေါ်ရအုံးမှာ"
ရိပေါ်ပြောပီးတာနဲ့လက်ညှိုးမှာချိတ်ထားတဲ့ကားသော့ချိတ်ကိုခါရမ်းကာထွက်သွားလေတော့သည်။
"ဟင်းးးးးးဒီကောင်လေးကိုတော့မနိုင်တော့ဘူးဟေ့ အကိုနဲ့အမကလဲသူတို့သားမျောက်လွဲကျော်ကိုငါနဲ့ထားခဲ့ရတယ်လို့ သူတို့ကတော့ခုဆိုအေးချမ်းတဲ့နေရာရောက်နေလောက်ပါပီလေ"
ရိပေါ် ကျန်းချန်ဆီကိုကားမောင်းသွားကာအိမ်ရှေ့ရောက်တော့ကားဟွင်းကိုအဆက်မပြတ်တီးနေလေသည်။
ကျန်းချန်လဲအိမ်ထဲကနေ ကရောသောပါးပြေးထွက်လာကာ
"ဘယ်လိုဖြစ်လို့အဲ့လောက်တောင်ဟွန်းတီးနေရတာလဲကွ ဆူညံနေတာဘဲ"
"မင်းကကြာနေတာကို စကားများမနေနဲ့ တက်တော့ ယူဘင်းကိုလဲသွားခေါ်ရအုံးမှာ"
ကျန်းချန်လဲကားပေါ်တက်လိုက်ပီး
"ယူဘင်းကကလပ်ကိုရောက်နေပီတဲ့ ငါ့ကိုလိပ်စာပို့ထားတယ်"
ရိပေါ်လဲကျန်းချန်ပြတဲ့လိပ်စာအတိုင်းမောင်းလာလေသည်။
"ဟိုရှေ့ကကလပ်ထင်တယ်"
"အင်း ဟုတ်လောက်တယ်"
ရိပေါ်နဲ့ကျန်းချန်လဲကလပ်ထဲကိုဝင်သွားလိုက်ကြသည်နှင့်မိန်းမတစ်ယောက်မှမတွေ့ရဘဲ ယောက်ကျားလေးများကိုသာတွေ့ရလေသည်။