Part 16 {Unicode}

5K 263 7
                                    

ရိပေါ်မိုးလင်းလို့အိပ်ယာနိုးတော့ ရှောင်ကျန့်ကသူ့အနားမှာရှိမနေတာကြောင့် စိတ်ပူကာ အိမ်ထဲမှာအော်ခေါ်နေလေတော့သည်။

"ကလေး ကလေး "

"ကလေးဒီမှာကိုကို"

မီးဖိုခန်းထဲကနေထွက်ပေါ်လာတဲ့သူ့ကလေးရဲ့အသံကြောင့် ရိပေါ်မီးဖိုချောင်ထဲကိုဝင်သွားလေသည်။

သူ့ကလေးကတော့ မနက်စာစားရန်အတွက်ပြင်ဆင်နေလေရဲ့။ရိပေါ်လဲရှောင်ကျန့်ဘေးနားမှာသွားရပ်လိုက်ကာ

"ကလေး ဘာလို့အစောကြီးထပီးပြင်ဆင်နေရတာလဲ ကိုကိုတောင်မနိုးသေးတာကို"

"ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းစောစောနိုးလို့ထပြင်နေတာပါ"

တကယ်တော့ ရှောင်ကျန့်တစ်ယောက်သူ့ကိုပို့ထားတဲ့Roseရဲ့Messageမြင်ပီးကတည်းက ပြန်အိပ်မရတော့တာဖြစ်သည်။

သူထိုအချိန်မှစ၍မနက်စာမပြင်ခင်အထိဘယ်လိုလုပ်ရမလဲဆိုတာကိုစဥ်းစားနေလေသည်။

"ကိုကို"

"ဗျာ"

ရှောင်ကျန့် မနက်စာပြင်နေရင်းနဲ့ရိပေါ့်ရင်ခွင်ထဲကိုတိုးဝင်ကာ ခေါ်လိုက်လေသည်။

"ကိုကို ကလေးကိုမထားခဲ့ဘူးမလားဟင်🥺"

သူ့ရင်ခွင်ထဲကနေ ခေါင်းလေးပြန်မော့ကာ မေးလာတဲ့ ရှောင်ကျန့်ရဲ့နဖူးလေးကိုရိပေါ်နမ်းလိုက်ကာ

"ကိုကိုက ကလေးကိုဘာလို့ထားခဲ့ရမှာလဲ မထားခဲ့ပါဘူးကွာ"

"ကိုကိုကတိပေးလား"

"ပေးပါတယ်ဗျာ ပေးပါတယ် ဟုတ်ပီလား"

"အင်း ဒီလောက်ဆိုရပါပီ ကလေးမနက်စာ
ဆက်ပီးပြင်လိုက်အုံးမယ်နော် ကိုကိုရေမချိုးရသေးဘူးမလား သွားချိုးတော့နော်"

"ဟုတ်ကဲ့ပါဗျ ခုဘဲသွားချိုးလိုက်ပါ့မယ်"

ရိပေါ်လဲရေချိုးပီးပြင်ဆင်ကာ ရှောင်ကျန့်နဲ့အတူတူမနက်စာစားလိုက်ကြလေသည်။ပီးနောက်

"ကလေး ကိုကိုအလုပ်သွားအုံးမယ်နော်"

"ဟုတ်ကိုကို မသွားခင်အာဘွားယူသွားအုံး😚"

Play Boy🔞Where stories live. Discover now