Part 12 {Unicode}

4.2K 271 15
                                    

ခြံထဲကိုထိုးရပ်လာတဲ့ကားသံကြောင့် ရှောင်ကျန့်အိမ်ထဲမှပြေးထွက်လာကာ

"ဟော ကိုကိုပြန်လာပီ"

ကားပေါ်ကဆင်းလာတဲ့ ရိပေါ်ရဲ့လက်ထဲကအိတ်ကိုရှောင်ကျန့်ပြေးယူလိုက်ကာ ရိပေါ့်ကိုပြုံးပီးကြိုဆိုလိုက်လေသည်။

"လာ ကိုကို ကလေးကိုကို့ဖို့အအေးဖျော်ထားတယ်"

"ကိုကို့ကလေးကလိမ္မာလိုက်တာကွာ"

ရိပေါ်လဲဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်လိုက်လေသည်။

"ကိုကို ခဏနော် ကလေးအအေးသွားယူပေးမယ်"

"အင်း"

ရှောင်ကျန့် မီးဖိုချောင်ထဲဝင်သွားတုန်း ရိပေါ်သက်ပျင်းချကာ Roseအကြောင်းကိုတွေးနေလေသည်။

လွန်ခဲ့တဲ့၄နှစ်​ကျော်လောက်ကရိပေါ်ကျောင်းတက်နေရင်းနဲ့Roseနဲ့တွေ့ခဲ့တယ်။Roseဆိုတာအဲ့တုန်းကကျောင်းမှာအရမ်းကိုချောတဲ့လှတဲ့သူတစ်ယောက်ပေါ့။

ရိပေါ်လဲRoseကိုစိတ်ဝင်စားပီးလိုက်ခဲ့တယ်လေ။နောက်ဆုံးတော့Roseလဲရိပေါ့်ရဲ့အချစ်ကိုပြန်ပီးလက်ခံခဲ့တယ်။

ရိပေါ်ကRoseကိုအရမ်းကိုချစ်ခဲ့တယ်။အရမ်းအလိုလိုက်တယ်။အရမ်းသည်းခံခဲ့တယ်။

Roseကတော့ရိပေါ်သူ့ကိုချစ်မှန်းသိတော့ ရိပေါ့အပေါ်ကိုအရမ်းကိုဆိုးသွမ်းခဲ့တယ်။ရိပေါ်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကျန်းချန်တို့ ယူဘင်းတို့ကRoseကိုလုံးဝသဘောမကျဘူး။

သဘောမကျရတဲ့အကြောင်းအရင်းကတော့ Roseက ရိပေါ့်ကိုအရမ်းကိုနိုင်စားလွန်းလို့ပါ။

"မင်းRoseကိုစိတ်မကုန်ဘူးလားရိပေါ်"

"ဘာလို့စိတ်ကုန်ရမှာလဲ ငါသူ့ကိုအရမ်းချစ်တယ်လေကွာ"

ယူဘင်းရဲ့အမေးကိုရိပေါ်ပြုံးလျှက်ပြန်ဖြေလိုက်လေသည်။

"မင်းကောင်မလေးကအရမ်းကိုနိုင်စားလွန်းပါတယ်ကွာ ပီးတော့ကြည့်ရတာဒေါင့်မကျိုးဘူး"

"ကြည့်မရလဲမကြည့်နဲ့ပေါ့ကွာ အဓိကကသူ့ကိုငါကြည့်လို့ရနေဖို့ဘဲလိုတာပါ"

Play Boy🔞Where stories live. Discover now