Part 9 {Unicode}

5.4K 293 13
                                    

ရှောင်ကျန့်နဲ့ရိပေါ်လက်ထပ်ထားကြတာ ခုဆို၇လကျော်ကျော်ဖြစ်နေပါပီ။ရှောင်ကျန့်ကရိပေါ့်ကိုဂရုစိုက်သလို ရိပေါ်ကလဲရှောင်ကျန့်ကိုချစ်မဝဖြစ်နေတော့တယ်။

ရိပေါ်ကခုတော့Companyတစ်ခုထောင်ပီး အလုပ်တွေကိုဦးစီးပီးလုပ်ဆောင်နေတယ်လေ။

ရှောင်ကျန့်ကတော့ အိမ်မှာဘဲနေပီး စာအုပ်ဖတ်လိုက် Tvကြည့်လိုက် ဖုန်းကြည့်လိုက်နဲ့အချိန်ကုန်နေတော့တယ်။

ရှောင်ကျန့်ကသူပါအလုပ်လုပ်မယ်လို့ပြောပေမယ့် ရိပေါ်ကသူ့ရဲ့အသက်လေးကိုမခိုင်းရက်ဘူးလေ။သူရှာကြွေးနိုင်ပါတယ်ဆိုပီး အိမ်မှာဘဲထားတယ်လေ။

ခုလဲရေချိုးခန်းထဲဝင်ပီးရေချိုးနေတဲ့ရိပေါ်ကိုရေချိုးခန်းရှေ့ကနေ ရှောင်ကျန့်တဘက်လေးကိုင်ကာစောင့်နေလေသည်။

ရိပေါ်ရေချိုးပီးထွက်လာတော့ရှောင်ကျန့်လဲတဘက်လေးလှမ်းပေးကာ

"ကိုကို ခေါင်းတွေသေချာသုတ်နော် ရေမစင်ရင်ဖျားနေမယ်"

"ကလေးသုတ်ပေးလေကွာ"

"ကိုကိုကလဲ ကိုယ့်ဘာသာကိုယ်သုတ်ပါလား"

"ရပါတယ် ကလေးမသုတ်ပေးချင်လဲနေပါ"

ရိပေါ်မျက်နှာငယ်လေးနဲ့ပြောလိုက်တော့ရှောင်ကျန့် ဝမ်းနည်းသွားကာ

"ကလေးကစတာလေကိုကိုရယ် ပေး ကလေးဘဲသုတ်ပေးမယ်"

ရိပေါ်လဲပြုံးလိုက်ကာရှောင်ကျန့်ကိုတဘက်ပေးလိုက်ပီး သူကခုံပေါ်မှာသွားထိုင်လိုက်လေသည်။ရှောင်ကျန့်လဲတဘက်လေးကိုင်ကာလိုက်လာပီးရိပေါ့်ခေါင်းကရေများကိုသုတ်ပေးနေလေတော့သည်။

"ကလေး ဒီနေ့လဲထမင်းစားရမယ်နော် ကိုကိုမရှိဘူးဆိုပီးမစားဘဲမနေနဲ့ ပီးတော့အချဥ်တွေအစပ်တွေလဲအရမ်းမစားနဲ့နော် ဗိုက်အောင့်နေမယ် ပီးတော့........."

"ပီးတော့ ရေချိုးရင်လဲအကြာကြီးမချိုးနဲ့ အပြင်တွေလဲလျှောက်မသွားနဲ့ ကိုကိုချက်ထားခဲ့တဲ့ထမင်းနဲ့ဟင်းကိုဘဲစား ကိုကိုပြန်လာမှကလေးစားချင်တာတွေကိုထပ်ပီးလိုက်ဝယ်ကြွေးမယ် ဒါဘဲပြောမလို့မဟုတ်လား"

Play Boy🔞Where stories live. Discover now