Part 14 {Unicode}🔞

6.6K 287 6
                                    

ဒီနေ့ ရုံးဆင်းတော့ ရိပေါ်အိမ်ကိုပြန်ရန် ကားပေါ်ကိုတက်လိုက်လေသည်။

"ရိပေါ် နေအုံးလေ ငါလဲလိုက်မယ်"

ကားဘေးနေထွက်ပေါ်လာတဲ့Roseအသံ
ကြောင့်ရိပေါ်စိတ်ရှုပ်သွားလေသည်။ရိပေါ်လဲကားမှန်ကိုချကာ

"ဘာလဲ ဘာလို့လိုက်မှာလဲ"

"နင့်ခင်ပွန်းလောင်းလေးကငါ့ကိုညစာဖိတ်​ကျွေးထားတယ်လေ မေ့နေတာလား"

တကယ်တော့ရိပေါ်မမေ့ပါ။သူRoseကိုအိမ်ကိုတကယ်ခေါ်မသွားချင်ခဲ့တာပါ။အဲ့တာကြောင့်ခုလို သူRoseအလစ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဒါတောင်Roseကသူ့ကားဘေးကိုရောက်နေလေတော့သူလဲထပ်မပြောချင်တော့သဖြင့်ကားပေါ်ကိုတက်ခိုင်းလိုက်လေသည်။

Roseကားပေါ်ရောက်တော့ ရိပေါ်Roseကို
ကြည့်ကာ

"Rose ငါနင့်ကိုပြောထားမယ်နော် ငါနဲ့ကလေးနဲ့ကြားကိုဘာမှဝင်မရှုပ်ပါနဲ့ ငါတို့အေးအေးဆေးဆေးနေပါရစေ"

"နေပေါ့ဟငါကရောခုဘာလုပ်နေလို့လဲ ငါကထမင်းလိုက်စားရုံဘဲလေ"

"နင်ငါ့ကလေးကိုဟိုကိစ္စကိုလုံးဝမပြောမိစေနဲ့နော်"

"အင်းပါ ငါသိပါတယ်ဟာ မောင်းစရာရှိတာမောင်းတော့ ငါဗိုက်ဆာနေပီဟ"

ရိပေါ်လဲ ကားကိုအိမ်သို့ပြန်မောင်းလာခဲ့လေသည်။ခြံထဲမှကားရပ်သံကြားတာနဲ့
ရှောင်ကျန့်အိမ်ထဲမှပြေးထွက်လာကာ

"ဟော ကိုကိုနဲ့မမတောင်ရောက်လာကြပီ ကိုကိုကျွန်တော့်ကိုအိတ်ပေး လာမမ အိမ်ထဲဝင်နော်"

ရှောင်ကျန့်တို့၃ယောက်အိမ်ထဲသို့ပြန်ဝင်သွားကြကာ

"ကိုကိုနဲ့မမ ထိုင်ကြအုံးနော် ကျွန်တော်စားဖို့ပြင်လိုက်အုံးမယ်"

"အင်းပါ အေးဆေးပြင်နော်မောင်လေး"

"ဟုတ်မမ"

ရှောင်ကျန့်လဲထမင်းဟင်းများပြင်နေလေသည်။ရိပေါ်ကတော့Roseကိုသူတို့အကြောင်းကိုမပြောမိဖို့ ခဏခဏပြောနေလေတော့သည်။

"Rose နင်ငါ့ကို​ပေးထားတဲ့ကတိကိုမမေ့နဲ့နော်"

"ဘာကတိလဲ ငါမမှတ်မိတော့ဘူး"

Play Boy🔞Where stories live. Discover now