Part 7 {Zawgyi}

4.3K 168 2
                                    

ဒီနေ့ ရိပေါ်နဲ့ရှောင်ကျန့်ရဲ့လက်ထပ်ပွဲနေ့ဖြစ်သည်။မင်္ဂလာဆောင်ရဲ့ခန်းအအလယ်မှာအဖြူရောင်ဝတ်စုံနဲ့သန့်ပြန်နေတဲ့လူငယ်နှစ်ဦးကတော့လက်ချင်းချိတ်ကာ ဧည့်သည်တွေကိုဧည့်ခံနေကြလေသည်။

မင်္ဂလာပွဲပီးတော့ ရိပေါ်နဲ့ရှောင်ကျန့်လဲအဖေနဲ့ဒေါ်လေးဖြစ်သူကိုကန့်တော့ကာ သူတို့ကိုလက်ဖွဲ့ထားတဲ့အိမ်ဆီသို့ပြန်သွားကြလေတော့သည်။

အိမ်ရောက်တော့ဆိုဖာပေါ်ကိုရှောင်ကျန့်ပစ်ထိုင်လိုက်ကာ

"ဟူးးးးးမောလိုက်တာဗျာ လက်ထပ်ပွဲလုပ်ရတာအဲ့လောက်ပင်ပန်းမယ်လို့ထင်မထားမိခဲ့ဘူး"

"ကိုယ်လဲပင်ပန်းတာဘဲလေ "

ရိပေါ် ရှောင်ကျန့်ဘေးကိုဝင်ထိုင်လိုက်ကာ

"ရေမချိုးသေးဘူးလား"

"မချိုးနိုင်သေးပါဘူးဗျာ ကိုယ့်ဘာသာကိုယ်တောင်ပင်ပန်းနေရတဲ့အထဲမှာ"

"ဟုတ်ပါပီ အရမ်းပင်ပန်းနေရင်လဲ ခဏလောက်နားနေနော် ကိုယ်ရေသွားချိုးလိုက်အုံးမယ်"

"အင်း သွားချိုးလေ"

ရိပေါ်လဲရေချိုးခန်းထဲဝင်သွားကာရေချိုးနေလေသည်။ရိပေါ်ရေချိုးပီးတော့ ရှပ်အင်္ကျီအပြာနုရောင်လေးနဲ့စတိုင်ဘောင်းဘီအမဲကိုဝတ်ကာ အခန်းထဲမှပြန်ထွက်လာလေသည်။

"ကလေး"

သူခေါ်တာကိုပြန်မထူးဘဲငြိမ်နေတာကြောင့်
ရိပေါ် ရှောင်ကျန့်နားကိုသွားကြည့်လိုက်လေသည်။

"အော် သူကအိပ်တောင်ပျော်နေပီကိုး သူတော်တော်ပင်ပန်းသွားတဲ့ပုံဘဲ သနားပါတယ်"

ရိပေါ် ရှောင်ကျန့်ရဲ့မျက်နှာလေးကိုကိုင်
ကြည့်နေရင်းနဲ့ မျက်လုံးကရှောင်ကျန့်ရဲ့နှုတ်ခမ်းရဲရဲလေးဆီသို့ရောက်သွားလေတော့သည်။

ရိပေါ် ရှောင်ကျန့်ရဲ့နှုတ်ခမ်းရဲရဲလေးကိုကြည့်ကာ နမ်းချင်လာသဖြင့်နမ်းလိုက်လေသည်။
ဒီတစ်ခါအနမ်းကအရင်ကလို ရမ္မက်တွေမပါပေ။ဖြူစင်လွန်းလှသည်။

ရှောင်ကျန့်တစ်ယောက်သူ့ရဲ့နှုတ်ခမ်းကို တစ်ခုခုလာထိမိသည်ကိုခံစားရသဖြင့် မျက်လုံးကိုအသာလေးဖွင့်ကြည့်လိုက်မိလေသည်။

Play Boy🔞Where stories live. Discover now