Part 5 {Unicode} 🔞🔞🔞

10.3K 408 13
                                    

ရိပေါ်အိမ်ရောက်တော့ကားပေါ်မှဆင်းကာရှောင်ကျန့်ကိုခေါ်ပီးအိမ်ထဲသို့ဝင်လာလေသည်။

"ခုမှဘယ်ကပြန်လာတာလဲရိပေါ်"

"ကျွန်တော်ထွက်သွားတာသိပ်မကြာသေးဘူးလေ ဒေါ်လေးကလဲဆူမယ်ဆိုတာချည်းဘဲ"

"ငါကဆူနေတာမဟုတ်ဘူး စိတ်ပူလို့ပြောနေတာလေ အော် နင့်နောက်ကဧည့်သည်ပါလာတာလား နေပါအုံးငါသူ့ကိုမြင်ဖူးသလိုဘဲ"

"ဒေါ်လေးကတော့လုပ်ပီ သူကဒေါ်လေးသူငယ်ချင်းရဲ့သားလေ မနေ့ကမှသူတို့အိမ်ကိုဒေါ်လေးနဲ့သား သွားသေးတယ်လေ"

"အော် ဟုတ်သားဘဲ ရှောင်ကျန့်လေးမလား"

ရှောင်ကျန့်လဲပြုံးပီးခေါင်းညိမ့်ပြလိုက်လေသည်။

"သားနဲ့ရှောင်ကျန့်ကဘယ်လိုတွေ့လာကြတာလဲ"

"သားအပြင်သွားရင်းနဲ့တွေ့လိုခေါ်လာတာ ရှောင်ကျန့်ဒီညဒီမှာဘဲအိပ်လိမ့်မယ်"

"အော် အေးပါ အိပ်ပါ ဒါနဲ့သားအဖေကိုရောဒီမှာအိပ်မယ့်အကြောင်းပြောထားသေးလား"

"ဟုတ် ပြောထားပါတယ်ဒေါ်လေး"

"အင်းပါ ဒါဆိုလဲရိပေါ်နဲ့အတူတူအိပ်လိုက်နော်"

"ဒေါ်လေးကလဲ အဖေနဲ့အမေရဲ့အိပ်ခန်းလွတ်နေတာဘဲဟာကို အဲ့မှာဘဲအိပ်ခိုင်းလိုက်ပါလား"

"အဲ့အခန်းကငါခုနလေးတင်ဘဲပိုးဟပ်တွေတွေ့လို့ဆေးတွေဖြန်းထားတာ နင့်အခန်းထဲမှာဘဲအိပ်ခိုင်းလိုက်ပါ"

"အကိုအဆင်မပြေရင်ကျွန်တော်အိမ်ဘဲပြန်လိုက်မယ်လေ"

"ဟာ မဟုတ်တာ အကိုကအဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး မင်းနေရခက်မှာစိုးလို့ပါ"

"ကျွန်တော်ကအဆင်ပြေပါတယ် အကိုသာ...."

"အဆင်ပြေတယ်ဆိုရင်လဲအတူတူဘဲအိပ်ကြတာပေါ့"

"ဟုတ် အကို"

"အဲ့တာဆိုသားတို့သွားနားတော့မယ်နော်ဒေါ်လေး"

"အေးပါကွယ် အေးပါ"

ရိပေါ်လဲရှောင်ကျန့်ကိုသူ့အခန်းထဲသို့ခေါ်သွားလေသည်။အခန်းထဲရောက်တော့

Play Boy🔞Where stories live. Discover now