Part 3 {Unicode}

8.5K 422 9
                                    

ရှောင်ကျန့်မိုးလင်းလို့နိုးတော့ သူကရိပေါ့်ရင်ခွင်ထဲကိုရောက်နေလေသည်။ရိပေါ်ကလဲသူ့ကိုဖက်ထားတာမှလှုပ်မရအောင်ပါဘဲ။

ရှောင်ကျန့်လဲရိပေါ်ရင်ဘတ်ကိုလက်သီးလေးနဲ့ထုကာ

"ဟေ့လူ ထတော့လေ ထတော့လို့"

ရှောင်ကျန့်အတင်းနှိုးနေသဖြင့်ရိပေါ်လဲမျက်လုံးဖွင့်ကြည့်လိုက်ကာ

"ဘာလို့ရင်ဘတ်ကိုလာထုနေရတာလဲ သူများအိပ်နေတာကို"

"အိပ်နေတာလုပ်မနေနဲ့ ကျွန်တော့်ကိုလွှတ်ပေးတော့ ကျွန်တော်အိမ်ပြန်တော့မယ်"

"အော် ဟုတ်သားဘဲ ငါလဲအိမ်ပြန်ရအုံးမှာဘဲ"

ရိပေါ်လဲရှောင်ကျန့်ကိုဖက်ထားတာကိုလွှတ်လိုက်ပီး ထထိုင်လိုက်လေသည်။ပီးနောက်

"မင်းကိုငါပြန်လိုက်ပို့ပေးရမလား"

"လိုက်ပို့ပေးတော့ကောင်းတာပေါ့ ကျွန်တော်လဲကားပျက်လို့ဆိုင်မှာထားခဲ့ရတယ်"

"အင်း ဒါဆိုပြန်ကြမယ်"

"အင်း"

ရိပေါ်လဲရှောင်ကျန့်ပြောတဲ့လမ်းအတိုင်းမောင်းလာခဲ့လေသည်။တိုက်တစ်လုံးရှေ့ရောက်တော့

"ရပ်တော့ ရပီ အဲ့တာကျွန်တော့်အိမ်ဘဲ"

ရိပေါ်လဲကားရပ်လိုက်ကာ

"မင်းကဒီအိမ်မှာနေတာလား"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"မင်းကချမ်းသာမယ့်ပုံစံပါ ဘာလို့Play boyလုပ်နေရတာလဲ "

"ချမ်းသာရင်Play boyလုပ်လို့မရဘူးလား ခင်ဗျားလဲချမ်းသာမယ့်ပုံပါ ဒါပေမယ့်ခင်ဗျားလဲPlay boyဘဲလေ%

"ဟုတ်ပါပီဗျာ တကယ်ကိုမနိုင်စိန်လေးဘဲ"

"ဒါဆိုကျွန်တော်သွားတော့မယ်နော် ခင်ဗျားကျွန်တော့်ကိုတွေ့ချင်ရင် ညဘက်ကျရင် ဟိုBarကိုဘဲလာခဲ့ ကျွန်တော်အဲ့မှာညတိုင်းရှိတယ်"

"အင်းးးးးတကယ်လို့ငါမလာရင်မင်းကတခြားသူနဲ့ဆက်ဆံမှာလား"

"ဒါပေါ့ ကျွန်တော်သဘောကျတဲ့သူတွေ့ရင်တော့ဆက်ဆံမှာပေါ့ ဘာဖြစ်လို့လဲ"

Play Boy🔞Where stories live. Discover now