Part 17 {Unicode} Final

7.7K 374 24
                                    

ရိပေါ် ခြံထဲမှာကားရပ်ကာ အိမ်ထဲသို့ဝင်လာလေသည်။ရှောင်ကျန့်ကတော့ ဆိုဖာပေါ်မှာထိုင်ပီး ရိပေါ့်ကိုမျက်လုံးစိမ်းများဖြင့်ကြည့်နေလေတော့သည်။

"ကလေး ဘာဖြစ်နေတာလဲ"

"ကိုကိုကလေးကို ကွာရှင်းပေးပါ"

"ဘာ ဘယ်လိုပြောလိုက်တယ် ဘာလို့ကွာပေးရမှာလဲ မကွာပေးနိုင်ဘူး"

"ဘာလို့လဲ ဟုတ်လား ပြန်မေးရဲသေးတယ်နော် ဒါကဘာတွေလဲ အဲ့အမနဲ့ကိုကိုနဲ့ကဖောက်ပြန်နေကြတာလား"

ရှောင်ကျန့်သူ့လက်ထဲကဖုန်းကိုပြလိုက်တော့ ရိပေါ်ကြည့်လိုက်လေသည်။ဖုန်းထဲကပုံထဲမှာ Roseကရိပေါ့်ရဲ့မျက်နှာနားကိုအတင်းကပ်နေပီး တစ်ယောက်နဲ့တစ်ယောက်နမ်းတော့မည့်ပုံစံလိုဖြစ်နေလေသည်။ပီးတော့ Roseသူ့ရဲ့ပုခုံးပေါ်ကိုမှီပီးအိပ်နေတဲ့ပုံ။

"ကလေး အဲ့တာကလေးထင်သလိုမဟုတ်ဘူးနော် ကိုကိုရှင်းပြတာနားထောင်ပါအုံး"

"ဘာကိုနားထောင်နေရအုံးမှာလဲ ပုံတွေကသက်သေဘဲလေ ကျွန်တော့်ကိုဘာထပ်ပီးလိမ်ချင်နေသေးတာလဲ ဘာလဲကျွန်တော်လိုPlayboyတစ်ယောက်ကိုပျင်းနေလို့ အရင်ကအဆက်ဟောင်းကြီးဆီကိုပြန်သွားတာမလား"

"ဟင် ကလေးကကိုကိုနဲ့Roseအကြောင်းကိုသိနေတာလား "

"သိတာပေါ့ ခင်ဗျားရဲ့အဆက်ဟောင်းကြီးက ကျွန်တော့်ကိုသိစေချင်လို့အိမ်လာသွားတဲ့ညကဘဲစာပို့ပီးပြောထားတာလေ "

"တောက် ဒီကောင်မတော့တော်တော်လွန်နေပီ ငါမပြောပါနဲ့လို့ပြောထားတာတောင်မှ"

"ခုမှသူများကိုမဲမနေနဲ့ ခင်ဗျားလဲအလိုတူအလိုပါဘဲ အဲ့တာကြောင့်မို့လို့ ခင်ဗျားနဲ့သူနဲ့ညားခဲ့ဖူးတာကိုကျွန်တော့်ကိုပြောမပြတာမလား"

"မဟုတ်ဘူးကလေး ကိုကိုခုဘဲပြောပြမလို့ပြန်လာတာ ပီးတော့ ကိုကိုRoseကိုမပြောခိုင်းဘူးဆိုတာကလဲ ကလေးသိရင်စိတ်ညစ်နေရမှာစိုးလို့ပါ ပီးတော့ကိုကိုသူ့နဲ့အလုပ်အတူတူတွဲလုပ်နေတယ်ဆိုတာလဲ သူကသူနဲ့အတူတူအလုပ်မလုပ်ရင်ကလေးကို သူနဲ့ကိုကိုတို့ရဲ့အကြောင်းကိုပြောပြမယ်ဆိုလို့ ကိုကိုသူနဲ့အလုပ်တွဲလုပ်မိတာပါ ခုဘဲနဲ့ကိုကိုရန်ဖြစ်လာကြတာ ပီးတော့ကိုကိုကလေးကိုလဲအမှန်အတိုင်းပြောပြမလို့ပြန်လာခဲ့တာပါကလေးရာ"

Play Boy🔞Where stories live. Discover now