[Unicode]
နံနက်ခင်း ၉ နာရီ
နေရောင်ခြည်အလင်းစတွေက နွေးထွေးပေမယ့်
ဆောင်းရာသီရဲ့ လေအေးတွေကို မတိုးဖျက်နိုင်ပေ။အနက်ရောင် longcoatကြီးကိုဝတ်ဆင်ပြီး
စွဲမက်ဖွယ်ကောင်းအောင် ပြင်ဆင်ထားလေသော
အိမ်ကြီးရဲ့ သခင်လေး ဂျွန်ဂျောင်ကုသည်
မျက်နှာထား ခပ်တည်တည်နှင့် လှေကားပေါ်
မှတစ်လှမ်းချင်းစီဆင်းလာသည်။လှေကားထစ် နောက်ဆုံးအလှမ်းမှာ
အိမ်ပတ်ပတ်လည်ကို ဝေ့ကြည့်သည်။
ထွေထွေထူးထူး နှုတ်ဆက်စရာ လူမရှိတာမို့
ခပ်ပေါ့ပေါ့ပင်လေချွန်ကာသူ၏ဝါသနာလုပ်ငန်း
အတွက် အိမ်ကြီးဆီမှ ထွက်ခွာဖို့ အနက်ရောင်ကားလေးဆီ ဦးတည်ခြေလှမ်းသည်။"ကိုကို မလာသေးဘူးလား။
ဘေဘီတောင် ရိုက်ကွင်းရောက်နေတာကြာလှပြီ"တစ်ဖက်မှ မိန်းကလေးရဲ့ ချွဲပျစ်ပျစ်အသံ
လေးကိုနားထောင်ပြီး သူပြုံးသည်။
အခုလို ထွက်သမျှ မော်ဒယ်ကောင်မလေး
ဇယားအသစ်လေးတွေနဲ့ လှည့်ပတ်တွဲချင်လို့
ဓာတ်ပုံဆရာအလုပ်ကို လုပ်ကိုင်ခဲ့သည်မဟုတ်
သော်လည်း ... ကံကြမ္မာက ကိုယ့်ဆီမိန်းမလှလေးတွေ
ဆက်တိုက်ပို့နေတာတော့လည်း ..."ကိုယ်ထွက်လာနေပါပြီ။
ဘေဘီ့ အတွက် ကိုယ်ပန်းဝယ်ခဲ့ရမလား။
ဘာပန်း လိုချင်လဲပြော""မလိုပါဘူး ကိုကိုသာ ရောက်အောင်မြန်မြန်လာခဲ့
နောက်တော့မှအတူတူ ထွက်ဝယ်ကြတာပေါ့"သူနှစ်ခြိုက်စွာပြုံးလိုက်သည်။
မိန်းမတွေလည်း ဉာဏ်များလွန်းပ။
နှစ်ယောက်အတူတူ ဈေးထွက်ဝယ်ရင်
ပန်း အပြင်တစ်ခြားပစ္စည်း သုံး လေး ခုလောက်
ထပ်ဝယ်ပေးရဦးမှာကိုခန့်မှန်းစရာတောင်မလိုဘူး။ဒီလိုပါပဲလောလောဆယ်သူ့မျက်စိရှေ့မှာမြင်နေရတဲ့အချစ်က ငွေနဲ့ အလဲအလှယ်လုပ်ဖို့ပဲလေ။.
.
."သခင်လေး အိမ်ရှေ့မှာ သခင်လေးကို
တွေ့ဖို့ လူတစ်ယောက်စောင့်နေတယ်"အပြေးလေး လာပြီးအသိပေးလာသော
ခြံစောင့် ကောင်လေးအသံကြောင့် ဂျောင်ကု
စိတ်ရှုပ်စွာ ညည်းညူလိုက်သည်။